Healthy Life Ad
Health Tips

မျက်စိကျန်းမာရေးအတွက် မလုပ်သင့်သည့်အကျင့်များ

၊ လရိပ်မေ ၊
မျက်စိကျန်းမာရေးအတွက် ဘယ်တော့မှမလုပ်သင့်တဲ့ အကျင့်တွေကိုဖော်ပြလိုက်ပါတယ်။

(၁) နေကာမျက်မှန်မပါဘဲ အပြင်ထွက်ခြင်း
အပြင်သွားတဲ့အခါ နေကာမျက်မှန်မပါဘဲ အပြင်သွားတာကြောင့် မျက်ဝန်းတစ်ဝိုက်အရေးကြောင်းတွေထင်တတ်သလို မျက်အိတ်တွဲကျတာ၊ မျက်ကွင်းညိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိအတွင်းတိမ်စွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၂) မျက်စိပွတ်ခြင်း
မျက်စိယားလို့ပဲဖြစ်ဖြစ် မျက်စိကိုပွတ်တာကြောင့် မျက်အိတ်တွဲကျတာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မသန့်တဲ့လက်ကတစ်ဆင့် မျက်စိထဲပိုးဝင်ပြီး မျက်စိစွံတာနဲ့ မျက်စိနီတာတို့ ဖြစ်တတ်ပါတယ်။

(၃) မျက်ကပ်မှန်တပ်ရင်း ရေချိုးခေါင်းလျှော်ခြင်း
ရေချိုးချိန်နဲ့ ခေါင်းလျှော်ချိန်မှာ မျက်ကပ်မှန်ကို ဖြုတ်ထားရပါမယ်။ မျက်ကပ်မှန်တပ်ပြီး ရေချိုးခေါင်းလျှော်တာကြောင့် မလိုလားအပ်တဲ့ မျက်စိနီမြန်းမှုဖြစ်ကာ အမြင်အာရုံထိခိုက်စေနိုင်ပါတယ်။

(၄) မျက်ကပ်မှန်တပ်ရင်း အိပ်စက်ခြင်း
မျက်ကပ်မှန်တပ်ပြီး အိပ်တာကြောင့် မျက်စိထဲကူးစက်ပိုးဝင်နိုင်ခြေ ငါးဆနဲ့ ၁၀ ဆကြား မြင့်တက်စေပါတယ်။

(၅) မျက်ကပ်မှန်ကို သတ်မှတ်ရက်အတိုင်းအသစ်မလဲခြင်း
မျက်ကပ်မှန်တစ်စုံရဲ့သက်တမ်းက အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ အဲဒီသက်မှတ်ရက်ကို ကျော်လွန်ပြီး မျက်ကပ်မှန်ကို တပ်ဆင်အသုံးပြုတာကြောင့် မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၆) မျက်စဉ်းဆေးကို ကိုယ့်သဘောနှင့်ခတ်ခြင်း
မျက်စဉ်းဆေး (အထူးသဖြင့် စတီးရွိုက်ပါတဲ့မျက်စဉ်းဆေး)ကို ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ ကိုယ်ခတ်တာကြောင့် မျက်စိအမြင်အာရုံ ထိခိုက်တဲ့အထိဖြစ်စေနိုင်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top