Healthy Life Ad
Life Style

အိမ်ထောင်ရှင်အမျိုးသားတို့ စွမ်းဆောင်ရည် ကောင်းမွန်စေမည့် နည်းခြောက်သွယ်

၊ ကိုထက် ၊

အိမ်ထောင်ရေးမှာ အမျိုးသားစွမ်းဆောင်ရည် မြင့်တက်စေဖို့ရာအတွက် ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်ရပါမယ်။ ချစ်စိတ်ကို နိုးကြွစေပြီး စွမ်းဆောင်ရည် ကောင်းမွန်စေမယ့် နည်းတွေကို သိပ္ပံနည်းကျလေ့လာမှုတွေက ဖော်ပြထားပါတယ်။

(၁) ပြီးပြည့်စုံသော အိမ်ထောင်မှုဘဝက ကောင်းမွန်သည့် အာဟာရပေါ်တွင် မူတည်နေ
အာရုံကြောလုပ်ငန်းဆောင်တာ ကောင်းမွန်မှု၊ ဟော်မုန်းအဆင့် ကောင်းမွန်မှုနဲ့ တင်ပဆုံကွင်းတစ် ဝိုက်သွေးလှည့်ပတ်စီးဆင်းအား ကောင်းမွန်မှုစတာတွေက လိင်စွမ်းဆောင်ရည်ကောင်းမွန်စေတဲ့ အ ချက်တွေဖြစ်ပါတယ်။ ဒီစနစ်တွေ အားလုံးကောင်းမွန်စေဖို့ ပဲသီး၊ ကောက်နှံတစ်ခုလုံးအစာ၊ ကာဗို ဟိုက်ဒရိတ်အစာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စတာတွေကို စားပေးရပါမယ်။ ဒါမှသာ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ရရှိစေမှာပါ။ ဗီတာမင်စီပါဝင်မှုများတဲ့ သစ်သီးတွေကလည်း သွေးကြောနံရံကို သန်စွမ်းစေပါတယ်။ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေစားတာကြောင့် အမျိုးသမီးမျိုးဆက်ပွားစနစ်ကို ကျန်းမာစေပါတယ်။

(၂) လိင်မှုစွမ်းဆောင်ရည်က ဗီတာမင်အီးနှင့် ဆက်စပ်မှုရှိ
ဗီတာမင်အီးပါဝင်တဲ့ ထောပတ်သီး၊ အခွံမာသီး၊ အစေ့အဆန်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ဂျုံမှုန့်စတာတွေစားရင် လိင်မှုစွမ်းဆောင်ရည် ကို ကောင်းမွန်စေပါတယ်။

(၃) ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက စွမ်းဆောင်ရည် တိုးစေနိုင်
နုံးချည့်ညောင်းညာတာနဲ့ စိတ်ဓာတ်ကျတာကြောင့် လိင်မှုစွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဦးနှောက်တွင်းဓာတ်တစ်မျိုးဖြစ်တဲ့ အင် ဒေါ်ဖင်ထုတ်လုပ်မှုကို လှုံ့ဆော်ပါတယ်။ တချို့လူတွေမှာ အသား၊ ငါး၊ ပုစွန်၊ အခွံမာသီး၊ အစေ့အဆန်၊ ပဲသီး၊ သစ်သီးခြောက်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် သံဓာတ်ရရှိစေပြီး စွမ်းဆောင်နိုင်စွမ်း မြင့်တက်စေပါတယ်။

(၄) ဇင့်(သွပ်)ဓာတ် မှီဝဲခြင်းဖြင့် စွမ်းဆောင်ရည်မြင့် တက်စေနိုင်
ဇင့်(သွပ်)ဓာတ်မှီဝဲတာကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်း မြင့်တက်စေပါတယ်။ ဇင့် ဓာတ် အလုံအလောက်မရှိရင် သုက်ကောင်တွေကို ထိခိုက်စေပါတယ်။ ဇင့်(သွပ်)ဓာတ် ပါဝင်မှုများတဲ့ အစာတွေက ပင်လယ်စာ (အထူးသဖြင့် ကမာကောင်)၊ အသား၊ တိရစ္ဆာန်အသည်း၊ ဥအမျိုးမျိုး၊ နွားနို့၊ ပဲသီး၊ အခွံမာသီးနဲ့ ကောက်နှံတစ်ခုလုံးအစာတို့ ဖြစ်ကြပါတယ်။

(၅) အရက်နှင့် ဆေးလိပ်ရှောင်ရှားခြင်းဖြင့် အိမ်ထောင်မှုသုခ ပိုမိုရရှိ
အရက်ကို အလွန်အကျွံသောက်တာကြောင့် အပြုအမူတွေကို ထိခိုက်စေပါတယ်။ အယ်လ်ကိုဟောက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ တူညီတဲ့ လုပ်ဆောင်မှုရှိတာကြောင့် အရက်အလွန်အကျွံ သောက်လိုက်ရင် အမျိုးသားတွေရဲ့ ယောကျာ်းပီသမှုက လျော့ကျသွားတတ်ပါတယ်။
နီကိုတင်းဟာ သွေးကြောတွေရဲ့ ရန်သူပါ။ လိင်တံသွေးကြောထိခိုက်စေပြီး ပိတ်ဆို့မှု ဖြစ်စေနိုင်ပါတယ်။

(၆) ပြည့်ဝဆီ လျှော့ချခြင်းဖြင့် စွမ်းဆောင်ရည် ကောင်းမွန်စေနိုင်
ပြည့်ဝဆီများများ စားတာကြောင့် သွေးတွင်း ကိုလက်စထရောအဆင့် မြင့်တက်နိုင်ပြီး နှလုံးသွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒါကြောင့် အခန်းအပူချိန်မှာ အေးခဲတတ်တဲ့ တိရစ္ဆာန်အဆီတွေ ကို ရှောင်သင့်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top