(၁) သခွားသီးကိုပါးပါးလှီးပြီး ရေခဲသေတ္တာထဲထည့်ကာစားပေးပါ။ ရေဓာတ်ပြည့်ဝစေပြီး လန်းဆန်းသွား စေပါတယ်။
(၂) ပူဒီနာ(ပူစီနံ)ရွက်ကို ဟင်းချိုထဲထည့်သောက်လိုက်ပါ။ ခံတွင်းနံ့သင်းပျံ့စေပြီး ပျို့ချင်အန်ချင်စိတ်ကို သက်သာစေပါတယ်။
(၃) သံပရိုသီးကို ဟင်းရွက်သုပ်၊ အသားသုပ်ထဲထည့်စားတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အအေးမိ ဝေဒနာမရအောင် ကာ
ကွယ်ပေးပါတယ်။
(၄) ရှားစောင်းလက်ပပ်အနှစ်သားကို ရေ၊ ပျားရည်နဲ့ ဖျော်ရည်ဖျော်သောက်တာကြောင့် အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
(၅) ချင်း (ဂျင်း)ကိုပါးပါးလှီးပြီး ကြက်စွပ်ပြုတ်ထဲထည့်သောက်တာကြောင့် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး အစာကြေညက်စေပါတယ်။
(၆) လက်ဖက်စိမ်းလက်ဖက်ရည် ကြမ်းသောက်တာကြောင့် အပန်းပြေစေပြီး စိတ်ဖိစီးမှုကိုလျော့ပါးစေပါ တယ်။
(၇) စတော်ဘယ်ရီသီး၊ ဘလူးဘယ် ရီသီးစတဲ့ ဘယ်ရီသီးတွေကို စားတာကြောင့်အင်တီအောက် ဆီးဒင့်ပါဝင် မှုများပြီး လှပကြည့်
ကောင်းစေပါတယ်။
(၈) ပျားရည်ကို ရေနွေးနဲ့ဖျော် သောက်ပေးတာကြောင့် ကူးစက်ပိုးတွေကိုတွန်းလှန်နိုင်ပြီး ကင်ဆာမဖြစ် အောင်ကာကွယ် ပေးပါတယ်။
(Def;HD)