Healthy Life Ad
Life Style

ကွန်ပျူတာကြောင့်ဖြစ်သည့် မျက်စိဝေဒနာစုအကြောင်း သိကောင်းစရာ (Computer Vision Syndrome)

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ၊

ကွန်ပျူတာရှေ့မှာ တစ်နေ့တစ်နေ့နာရီပေါင်းများစွာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေပါသလား။ အဲဒီလို ကွန် ပျူတာရှေ့အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရရင် မျက်စိညောင်းတာ၊ အမြင်ဝေ၀ါးတာနဲ့ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေ မကြာခဏဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဒီဝေဒနာလက္ခဏာတွေက မျက်စိခြောက်တာ၊ လည် ပင်းနဲ့ပခုံးနာတာတွေကြောင့်ခံစားရတတ်ပါတယ်။

ကွန်ပျူတာကြောင့်ဖြစ်သည့် မျက်စိရောဂါဝေဒနာလက္ခဏာများ

ကွန်ပျူတာအသုံးများသူတွေမှာ မျက်စိနီမြန်း ခြောက်သွေ့တာနဲ့ အမြင်ဝေ၀ါးတာတွေ ဖြစ်တတ်ပါတယ်။ ကွန် ပျူတာရှေ့မှာ အထိုင်များတဲ့သူတွေက ထိုင်ပုံထိုင်နည်းမမှန်ရင် လည်ပင်းနဲ့ပခုံးနာကျင်ကိုက်ခဲမှု ဝေဒနာဖြစ် တတ်ပါတယ်။

ကွန်ပျူတာကြောင့်ဖြစ်သည့် မျက်စိရောဂါဝေဒနာ လက္ခဏာ ဖြစ်နိုင်ခြေများသော အချက်များ

ကွန်ပျူတာသုံးချိန်က တစ်ထိုင်တည်းနဲ့အကြာ ကြီးဆိုရင် မျက်စိရောဂါဝေဒနာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ အရွယ်တွေမှာဆိုရင် မျက်စိဝေဒနာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် အ သက်ကြီးလာတဲ့အခါ မျက်စိတွင်း မှန်ဘီလူးက ပျော့ပျောင်းမှုနည်းလာတဲ့အတွက် အရာရာကိုစူးစိုက်နိုင်စွမ်းခက်ခဲလာပါတော့တယ်။

ကွန်ပျူတာကြောင့် ဖြစ်သည့် မျက်စိရောဂါဝေဒနာ လက္ခဏာကို ရှာဖွေခြင်း

ကွန်ပျူတာကြောင့်ဖြစ်တဲ့မျက်စိဝေဒနာအတွက် ဆရာဝန်ကစမ်းသပ်ပြီး မျက်စိရဲ့တည်ဆောက်ပုံ အမျိုးမျိုးကို စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးမှုကတစ်ဆင့် မျက်စိအနီးမှုန်တာနဲ့ အဝေးမှုန်တာတွေအပါအဝင် တခြားမျက်စိရောဂါ ဝေဒနာတွေကို သိရှိနိုင်ပါတယ်။

ကွန်ပျူတာကြောင့် ဖြစ်သည့် မျက်စိရောဂါဝေဒနာ လက္ခဏာအား ကုသမှု

– ကွန်ပျူတာကို နာရီအတော်များများ သုံးတာ ကြောင့် မျက်စိခြောက်သွေ့တာနဲ့ မျက်စိယားယံတာစတဲ့ မျက်စိ ရောဂါဝေဒနာလက္ခဏာဖြစ်ရင် မျက်စဉ်းဆေးခတ်ဖို့ လိုပါတယ်။

– အထူးသဖြင့် ကွန်ပျူတာရှေ့ထိုင်ချိန် နှစ်နာရီ ကြာတိုင်း မျက်စိကို အနားပေးရပါမယ်။

– ကွန်ပျူတာသုံးတဲ့အခါ လူအများစုက မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ မျက်တောင်ခတ်ပေး မှသာ မျက်စိခြောက်သွေ့တဲ့ဝေဒနာကို တွန်းလှန်ပေးနိုင်မှာဖြစ်ပါတယ်။

– ကွန်ပျူတာသုံးတဲ့အခါ ကိုယ်ဟန်အနေအထားကို ပုံမှန်ဖြစ်အောင်နေဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top