Healthy Life Ad
Q & A

တားဆေးထိုးရင် နောက်ပိုင်းကလေးယူဖို့ အဆင်ပြေပါ့မလား . . .

မေး. သမီးအသက်က ၂၈ နှစ်ပါ။ ၁၂ လပိုင်းက အိမ်ထောင်ပြုလိုက်တာဆိုတော့ အခုဆို ၃ လရှိပါပြီရှင်။ အိမ်ထောင်ပြုပြီးပြီးချင်း ကလေးမယူချင်သေးလို့ တားဆေးထိုးလိုက်တယ်ဆရာ။ အဲဒါ နောက်ပိုင်းကလေးယူဖို့ အဆင်ပြေမလားဆိုတာ သိချင်လို့ပါဆရာ။
လရိပ်ခြယ် (FB)

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှဖြေကြားသည်။

ဖြေ. တားဆေးဆိုတော့ သုံးလခံတားဆေး Depo ထိုးလိုက်တယ်လို့ပဲ ထင်ပါတယ်။ အဲဒီဆေးထိုးတယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေ ရှိပါတယ်။ ကောင်းတဲ့အချက်တွေက အဲဒီဆေးထိုးထားလိုက်ရင် ကလေးမရဖို့ အတော်လေးကိုစိတ်ချရတဲ့အတွက် ထိရောက်မှုရှိပါတယ်။ သန္ဓေတားဆေးထက်သာတဲ့အချက်က မေ့သွားမှာကိုလည်း မကြောက်ရပါဘူး။ သုံးလနေမှ တစ်ခါထိုးရတာဆိုတော့ မေ့တတ်တဲ့အမျိုးသမီးတွေအတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်က ကိုယ်အလေးချိန်တက်တာပဲ ဖြစ်ပါတယ်။ ဒုတိယအချက်က ရာသီမလာတာ၊ ရာသီမမှန်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ ကလေးယူတော့မယ်ဆိုရင် ဆေးထိုးပြီးရပ်လိုက်ပေမယ့် အတော်များများမှာ ခြောက်လကနေ တစ်နှစ်အတွင်း ကလေးကချက်ချင်း ပြန်မရတတ်ပါဘူး။ ဆေးရပ်ရပ်ချင်း ကလေးယူမယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီနည်းကို မသုံးသင့်ပါဘူး။ ဒီဆေးရဲ့သဘာဝကိုက ကလေးရဖို့ဆိုရင် အကြမ်းအားဖြင့် ခြောက်လ – တစ်နှစ်လောက် ပြန်စောင့်ဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top