Healthy Life Ad
Health Tips

နေပူရှိန်ပြင်းသော်လည်း အသားအရေ ကြည်လင်တောက်ပနေစေမည့် နည်းလမ်းများ

လရိပ်မေ

နွေရာသီမှာ ပြင်းထန်လှတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ခြောက်သွေ့တာ၊ ကြမ်းတမ်းတာ၊ နွမ်းနယ်တာနဲ့ ညိုမည်းတာတွေ ဖြစ်တတ်သလို နေလောင်ဒဏ်ရာလည်း ရတတ်ပါတယ်။ အသားအရေ ထိခိုက်မှု ကင်းပြီး အသားအရေ ချောမွေ့ကြည်လင်နေစေဖို့ သဘာဝနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) ရေများများ သောက်ခြင်း
ရေသောက်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေရုံသာမက ခန္ဓာကိုယ်တွင်းက အဆိပ်အ တောက်တွေကို ကင်းဝေးစေတဲ့အတွက် ရေများများ သောက်ပေးရပါမယ်။ နွေရာသီမှာ ချွေးထွက်များပြီး ရေဆုံးရှုံးမှုများတဲ့အတွက် ရေလိုအပ်ချက် မြင့်တက်လာပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ရေ ၁၂-၁၄ ဖန်ခွက် သောက်ပေးဖို့ လိုပါတယ်။

(၂) နွားနို့နှင့် ငှက်ပျောသီး
ငှက်ပျောသီးနဲ့ နွားနို့ကို ရောမွှေပြီး အရေပြားပေါ်လိမ်းပေးပါ။ ၁၅-၂၀ မိနစ်ကြာမှ ရေအေးနဲ့ ဆေးကြောချလိုက်ပါ။ နူးညံ့ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်လာပါလိမ့်မယ်။

(၃) သခွားသီးနှင့် ဒိန်ချဉ်
အသားအရေ ကြည်လင်ချောမွေ့နူးညံ့ဖို့ရာအတွက် သခွားသီးတစ်ခြမ်းကို မွှေစက်ထဲ ထည့်မွှေပြီး ဒိန်ချဉ် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မျက်နှာမှာ သုတ်လိမ်းပေးပါ။ အချိန် ၁၅မိနစ်ကြာရင် ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

(၄) နှင်းဆီရေ
နွေရာသီမှာ သဘာဝကျကျ ကြည်လင်တောက်ပတဲ့ အသားအရေ ပိုင်ဆိုင်စေဖို့ နှင်းဆီပွင့်ဖတ်တွေ စိမ်ထားတဲ့ ရေနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာကို အေးမြစေပြီး ချွေးပေါက်ကျဉ်းစေပါတယ်။

(၅) သခွားသီးနှင့် ဖရဲသီးဖျော်ရည်
သခွားသီးနဲ့ ဖရဲသီးကို ရောပြီး မွှေစက်ထဲ ထည့်ကာရလာတဲ့ အရည်ကို မျက်နှာနဲ့ လည်ပင်းမှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ကြာမှ ရေအေးနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

(၆) သင်္ဘောသီးအနှစ်နှင့် သံပရာရည်
သင်္ဘောသီးအနှစ်နဲ့ သံပရာရည်တို့ကို ရောမွှေပြီး မျက်နှာပေါ်လိမ်းကာ အချိန် ၁၅-၂၀ မိနစ်ကြာထားပါ။ ပြီးရင် ရေအေးနဲ့ဆေးချလိုက်ပါက ချောမွေ့ တောက်ပြောင်တဲ့ အသားအရေ ပိုင်ဆိုင်စေပါတယ်။

(၇) သင်္ဘောသီး၊ ပျားရည်နှင့် ကြက်ဥအကာ
သင်္ဘောသီးအနှစ် ထမင်းစားဇွန်း နှစ်ဇွန်း၊ ပျား ရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ကြက်ဥအကာ တစ်လုံးတို့ကို ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာ သုတ် လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေအေးနဲ့ ဆေးကြောလိုက်ရင် အသားအရေ နူးညံ့ချောမွေ့ကြည် လင်သွားစေပါတယ်။

(၈) အုန်းရေ
အရေပြားပေါ် အုန်းရေလိမ်းပြီး နှိပ်ပေးတာ ကြောင့် အသားအရေ ချောမွေ့ကြည်လင်စေပါတယ်။

(၉) သံပရိုရည်
သံပရိုရည်က သဘာဝ ကြေးချွတ်အစွမ်းရှိပြီး မျက်နှာပေါ်က နေလောင်ဒဏ်ရာတွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ သံပရိုရည်မှာ အက်စကောဗစ်အက် ဆစ်ပါဝင်တာကြောင့် နေလောင်နေတဲ့ အရေပြားကို အလွယ်တကူ ကြေးချွတ်ပေးနိုင်ပါတယ်။ သံပရိုရည်ကို ဝါဂွမ်းစနဲ့ ဆွတ်ပြီး မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ အသားအရေကို ကြည်လင်လာစေပါတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ် ကောင်းကောင်း လိမ်းပေးပါ။

(၁၀) သံပရာရည်နှင့် ပျားရည်
အသားအရေ ကြည်လင်တောက်ပစေဖို့ရာအ တွက် သံပရာရည်နဲ့ ပျားရည်ရောပြီး လိမ်းပေးပါ။

(၁၁) အရေပြား ကြေးချွတ်သန့်စင်ခြင်း
ဂျုံမှုန့် ထမင်းစားဇွန်းငါးဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ နှင်းဆီရေ ၄-၅ စက်နဲ့ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် အနည်းငယ်တို့ ရောမွှေပြီး မျက်နှာနဲ့ လည်ပင်း အရေပြားပေါ်လိမ်းပေးပါ။ ခြောက်သွားမှ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

(၁၂) သဘာဝ အစိုဓာတ်ထိန်းခရင်မ်
နေလောင်ဒဏ်ကြောင့် ခြောက်သွေ့နွမ်းနယ်ကာ ထိခိုက်နေတဲ့ အရေပြားပေါ် နို့ခရင်မ်၊ ဒိန်ချဉ်၊ ပျားရည် စတာတွေကို နေ့စဉ်လိမ်းပေးပါ။ ပြီးရင် အ ချိန် ၁၅-၂၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။

(၁၃) နွားနို့အေး
ညတိုင်း မျက်နှာကို နွားနို့အေးလိမ်းပြီး နှိပ်နယ် ပေးပါ။ နွားနို့အေးက မျက်နှာ အရေပြားကို သန့်စင်ပေးပြီး အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြည်စေပြီး ချောမွေ့ကြည်လင်စေပါတယ်။
Ref: HD

Most Popular

Healthy Life Ad
To Top