Healthy Life Ad
Life Style

အမျိုးသားသုက်လွှတ်ခြင်းနှင့်ပတ်သက်၍ လူသိနည်းသည့်အကြောင်းများ

၊ ကိုထက် ၊

– မကြာခဏသုက်လွှတ်ခြင်းဖြင့် ကင်ဆာဖြစ်နှုန်းလျော့ကျစေနိုင်
အမျိုးသားတွေမှာ မကြာခဏသုက်လွှတ်တာကြောင့် ကင်ဆာကို တွန်းလှန်နိုင်စွမ်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။
အမေရိကန် ဆီးနှင့်ကျောက်ကပ်အဖွဲ့အစည်းရဲ့ နှစ်စဉ်အစည်းအဝေးအရ ဒီနှစ်တင်သွင်းခဲ့တဲ့စာတမ်းမှာ တစ်လမှာ ၂၁ ကြိမ်ခန့် သုက်လွှတ်တဲ့အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာအန္တရာယ် ၂၀ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ ဒါဟာသွေးတိုးကျစေတဲ့ အောက်ဆီတိုစင်လိုဟော်မုန်းတွေ ထုတ်လွှတ်မှုများတာကြောင့် အများဆုံးဖြစ်နိုင်တယ်လို့ ဒေါက်တာဂျနီဖာရိုင်ဒါက ဆိုပါတယ်။

– ပထမဆုံး သုက်လွှတ်ချိန်ပါသည့်သုက်ပိုးက အရည်အသွေးအကောင်းဆုံး
ဂျီနင်းမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာဆေးခန်းရဲ့ လေ့လာသူတွေက အမျိုးသားတွေ ပထမဆုံးသုက်လွှတ်တာနဲ့ ဒုယတိယအကြိမ် သုက်လွှတ်တာအကြား သိသာတဲ့ခြားနားချက်ရှိတယ်လို့ ဆိုပါတယ်။ ပထမဆုံးအကြိမ် သုက်လွှတ်ရာမှာပါတဲ့ သုက်ကောင်တွေရဲ့ ဒီအင်န်အေက ပိုမိုအရည်အသွေးကောင်းပြီး သုက်ကောင်တွေရဲ့ ကူးခတ်နိုင်စွမ်းပိုမြန်ကာ အရေအတွက်လည်း ပိုများတယ်လို့ သိရပါတယ်။

– တစ်ကိုယ်တည်း အာသာဖြေခြင်းထက် Sex က ပိုသာလွန်
၂၀ဝ၆ လေ့လာမှုအရ အမျိုးသားတွေမှာ တစ်ကိုယ်တည်းအာသာဖြေတာထက် အိမ်ထောင်ဖက်နဲ့ အတူနေပြီးပြီးဆုံးတာက ခန္ဓာကိုယ်ကနေ ပရိုလက်တင်ဟော်မုန်း အဆ ၄၀ဝ ပိုထွက်အောင်လှုံ့ဆော်တယ်လို့ သိရပါတယ်။ ပရိုလက်တင်ဟော်မုန်းဟာ အမျိုးသမီးတွေမှာ မိခင်နို့ချိုထွက်စေတဲ့ဟော်မုန်းအဖြစ် လူသိများပေမယ့် အမျိုးသားတွေမှာ ပရိုလက်တင်ဟော်မုန်းအဆင့် လျော့နည်းရင် အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေပြီး ပန်းသေပန်းညှိုးရောဂါ ဖြစ်စေနိုင်တယ်လို့ လတ်တလောလေ့လာမှုအရ သိရပါတယ်။

– တစ်နာရီ ၂၈ မိုင်နှုန်း ရောက်ရှိ
အမျိုးသားကျန်းမာရေး လေ့လာမှုအရ အမျိုးသားတွေ သုက်လွှတ်တဲ့အခါ မြန်နှုန်းဟာ ယေဘုယျအားဖြင့် တစ်နာရီမှာ ၂၈ မိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top