Healthy Life Ad
Child

ပညာသင်ကြား လေ့လာနေသူ ကျောင်းသား၊ ကျောင်းသူ တို့အတွက် Study Tips

ငွေကြယ်စင်ယံ

(၁) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

ဒါမှသာ သင့်ဦးနှောက်က ဗဟုသုတ အသစ်တွေကို စုဆောင်း သိုလှောင်နိုင်စွမ်း မြင့်တက် နေမှာပါ။

(၂) သင့်ခန္ဓာကိုယ်ကို သိနားလည်ပါ

ကိုယ့်ခန္ဓာကိုယ်က အတက်ကြွ အလန်းဆန်းဆုံး ဖြစ်နေချိန်မှာ အခက်ခဲဆုံး သင်ခန်းစာ ကို လေ့လာမှတ်သားပါ။

(၃) စာကျက်ချိန် တစ်ချိန်နှင့် တစ်ချိန်ကြား အနားယူပါ

တစ်ချိန်လုံး စာကျက်နေတာမျိုး မလုပ်ဘဲ စာကျက်ချိန် တစ်ချိန်နဲ့တစ်ချိန်ကြား နားပေးပါ။ ဒါမှသာ စိတ်နဲ့ခန္ဓာ ပင်ပန်းနွမ်းနယ် ငြီးငွေ့မှု မရှိဘဲ သင်ခန်းစာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

(၄) နားမလည်လျှင် ပြန်မေးပါ

စာတစ်ပိုဒ်ချင်း ဖတ်ပြီး နားမလည်တဲ့ အကြောင်းအရာရှိရင် အချိန်မဆိုင်းဘဲ ပြန်မေးပါ။ ဒါမှ မှတ်မိလွယ်သွားမှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုယ် မကြာခဏစစ်ဆေးမေးမြန်းပါ

သင်ခန်းစာတွေကို လေ့လာနေချိန်မှာ ကိုယ်ဘယ်လောက် မှတ်မိသလဲဆိုတာ သိစေဖို့ မေးခွန်းတွေကို ဖြေကြည့်ပါ။

Most Popular

Healthy Life Ad
To Top