Healthy Life Ad
Health Tips

မိတ်ကပ်ကို ဘယ်လောက်ကြာကြာ သုံးသင့်သလဲ

လရိပ်မေ

– လိုင်နာရည်
ဖွင့်ပြီး နှစ်လအထိပဲ သုံးသင့်ပါတယ်။

– မက်စ်ကာရာ
ဖွင့်ပြီး သုံးလအထိပဲ သုံးသင့်ပါတယ်။ အချိန်လွန်သွားရင် လုံးထွေးပြီး ခြောက်သွေ့ သွားပါလိမ့်မယ်။ မျက်စိ ပိုးဝင်လွယ်တဲ့အတွက် သက်တမ်း လွန်ရင် မသုံးပါနဲ့။

– အိုင်းရှဲဒိုးအမှုန့်
တစ်နှစ်လောက်ခံပါတယ်။ တစ်နှစ်ခွဲလောက် ကြာရင် လွှင့်ပစ်သင့်နေပါပြီ။

– အိုင်းရှဲဒိုးခရင်မ်
၉ လနဲ့ အောက်ပဲ သက်တမ်းခံပါတယ်။

– လက်သည်းဆိုးဆေး
ဖွင့်ပြီး တစ်နှစ်ကြာရင် လက်သည်းဆိုးဆေး က ခြောက်ပြီး လက်သည်းအရောင် ပြောင်းစေနိုင်ပါတယ်။

– ဖောင်ဒေးရှင်းပေါင်ဒါနှင့် ပါးနီ
သက်တမ်း နှစ်နှစ်လောက်တော့ အသုံးခံပါ တယ်။

– ဖောင်ဒေးရှင်းအရည်နှင့် ပါးနီ
ဖောင်ဒေးရှင်းအရည်က ဖွင့်ပြီး ခြောက်လ ဝန်းကျင်ပဲ သုံးသင့်ပါတယ်။ ကြာရင် မျက်နှာအရေပြားကို ထိခိုက်စေနိုင်လို့ပါ။

– မျက်ဝန်းနှင့် နှုတ်ခမ်းဆိုးခဲတံ
အခဲပုံစံလာတဲ့ ဒီအလှကုန်တွေက တစ်နှစ်၊ တစ်နှစ်ခွဲပဲ သက်တမ်းရှိပါတယ်။

– နှုတ်ခမ်းနီ
နှုတ်ခမ်းနီက ၁၂-၁၈ လကြာ အသုံးပြုပြီးရင် လွှင့်ပစ်သင့်နေပါပြီ။

– မျက်နှာလိမ်းခရင်မ်
တစ်နှစ်နဲ့ တစ်နှစ်ကျော် အသုံးပြုနိုင်ပါတယ်။ သုံးပြီးတိုင်း လေလုံအောင် ပိတ်ထားဖို့လိုပါတယ်။

– နေကာခရင်မ်
နေကာခရင်မ်မှာ သတ်မှတ်ကာလ ပါဝင်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ကာလထက် တစ်နှစ်ကျော်တဲ့အထိ သုံးလို့ရတယ်လို့ အရေပြား ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top