Healthy Life Ad
Health Tips

ဆီးကျိတ်ကင်ဆာ စစ်ဆေးသင့်သော အကြောင်းရင်း ရှစ်ရပ်

၊ ကိုမိုး ၊

အသက် ၄၀ နဲ့ အထက်အရွယ်အနေနဲ့ ဆီးကျိတ်ကင်ဆာကို ပုံမှန်စစ်ဆေးဖို့ လိုတယ်ဆိုတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရောဂါကို စောစောရှာဖွေတာက အလွန်အရေးကြီးပါတယ်။

(၂) ဘဝတစ်လျှောက် အမျိုးသားခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။

(၃) ဆီးကျိတ်ကင်ဆာကို အသက် ၄၀ အရွယ် အမျိုးသားအများစုမှာ တွေ့ရှိတတ်ပါတယ်။

(၄) ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ရင် ဆီးကျိတ်ကင်ဆာဖြစ်သူ ၉၀ ရာခိုင်နှုန်းကျော်က ကုသပျောက်ကင်းနိုင်ပါတယ်။

(၅) ဆီးကျိတ်ကင်ဆာ အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မပြသတတ်ပါဘူး။ ဒါကြောင့် ရောဂါကို ကြိုတင်စစ်ဆေးမှုခံယူတာက ရောဂါကိုစောစောသိရှိနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

(၆) အခုနောက်ပိုင်းမှာ အသက်ကြီးတဲ့ လူဦးရေက ပိုများလာတာကြောင့် ဆီးကျိတ်ကင်ဆာဖြစ်နှုန်းက ပိုမြင့်တက်လာပါတယ်။

(၇) ဆီးကျိတ်ကင်ဆာ မျိုးရိုးရှိတယ်ဆိုရင် သင့်မှာဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေပိုများတယ်ဆိုတာ သိနားလည်ပြီး ကြိုတင်စစ်ဆေးမှု ခံယူသင့်ပါတယ်။

(၈) ဆီးကျိတ်ကင်ဆာ ရှိ၊ မရှိ စစ်ဆေးတာက အသက်ကယ်တင်ပေးနိုင်တဲ့ နည်းဖြစ်ပါတယ်။

(Ref; hoptips)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top