Healthy Life Ad
Health Tips

ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရအောင် . .

လရိပ်မေ

အသက်အန္တရာယ် မထိခိုက်စေဖို့ရာအတွက် ဆိုင်ကယ်စီးတဲ့အခါ၊ စက်ဘီးစီးတဲ့အခါတွေမှာ ဆိုင်ကယ်စီးဦးထုပ် (Helmet) ကို ဆောင်းကြဖို့ အကြံပြုချင်ပါတယ်။

၁။ ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းပါ

(၁) ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြည့်လိုက် ပါ။ ဦးထုပ်က သင့်မျက်ခုံးမွှေးအထက် လက် နှစ်ချောင်းအကွာမှာ ရှိနေရပါမယ်။

(၂) ဆိုင်ကယ်စီးဦးထုပ်ဘေးက သိုင်းကြိုးဟာ နားရွက်တွေနားမှာ အင်္ဂလိပ်အက္ခရာ “V” ပုံသဏ္ဌာန်ရှိရပါမယ်။

(၃) မေးသိုင်းကြိုးနဲ့ မေးစေ့ကြား လက်ချောင်း တစ်ချောင်းထည့်လို့ ဆန့်ရပါမယ်။ ဒါဆိုရင် သင့်အတွက် သင့်တော်တဲ့ ဆိုင်ကယ်စီးဦးထုပ်ပဲဖြစ်ပါတယ်။

၂။ ဦးခေါင်းထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပါ

ကျွန်မတို့ဦးခေါင်းခွံက အကြွေစေ့ သုံးစေ့စာပဲ ထူပါတယ်။ ပြင်ပက ဖိအားနဲ့တိုးတိုက်ခံရတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားရင် ဦးခေါင်းမထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆိုင်ကယ်စီးဦးထုပ်အသစ် ပြောင်းသုံးပါ

ဆိုင်ကယ်စီးဦးထုပ်မှာ ကြိုးပြတ်နေတဲ့အခါ၊ ဆိုင်ကယ်စီးဦးထုပ်က ကွဲနေတဲ့အခါနဲ့ သက်တမ်း ငါး နှစ်ကြာတဲ့အခါ အသစ်ပြောင်းသုံးသင့်နေပါပြီ။

Ref: BL

Most Popular

Healthy Life Ad
To Top