Healthy Life Ad
Q & A

နှာခေါင်း သွေးလျှံတာ လေးရက်ကြာ . .

မေး. ကျွန်တော့်အသက် ၂၃ နှစ်ပါ၊ ကျွန်တော်က အကြော်ဖိုမှာ အလုပ်လုပ်ပါတယ်။ ညဆို အလုပ်က ပြန်ရောက်တဲ့အချိန် ညဉ့်နက်မှ ရေချိုးဖြစ်ပါတယ်။ အခုဖြစ်နေတာက နှာခေါင်း သွေးလျှံနေလို့ပါ၊ လေးရက်လောက်ရှိပါပြီ၊ တခြားနေရာတွေကတော့ သွေးမထွက်ပါဘူး၊ အဲဒါ ဘာဖြစ်နိုင်ပါသလဲ။
မောင်ထူး၊ ဒိုက်ဦး။

ဒေါက်တာမိုးအောင်ကျော်နိုင် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးသည်။

ဖြေ. မေးခွန်းအရ အကြော်ဖိုမှာ အလုပ်လုပ်တယ်ဆိုတော့ မီးခိုးငွေ့တွေ ရှူရနိုင်တယ်လို့ ယူဆရမှာပါ။သွေးလျှံရင် အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးခွဲပါတယ်။ တစ်ကိုယ်လုံး (General) သွေးလျှံတာနဲ့ တစ်နေရာတည်း (Local) သွေးလျှံတာပါ။ ကျန်တဲ့နေရာမှာ မလျှံဘူးဆိုတော့ Local သွေးလျှံတာကိုပဲ စဉ်းစားရမှာပါ။အဲဒီမှာလည်း နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက သွေးတိုးပြီး သွေးကြောမျှင်လေးတွေပေါက်ပြီး နှာခေါင်းသွေးလျှံ တာနဲ့ နောက်တစ်ပိုင်းက အငွေ့ တွေရှူပြီး နှာခေါင်းအရေပြားထူလာကာ Polyp အလုံး ရောင်ရမ်းပြီး သွေးကြောလေးတွေပေါက်ရာက သွေးလျှံတာဆိုပြီး ရှိပါတယ်။ နှာခေါင်းအမြှေးပါးက ဖုန်ငွေ့တွေနေ့တိုင်း ရှူရှိုက်ရတဲ့အခါ ထူထဲပြီး ရောင်ရမ်းလာတယ်၊ အဲဒီအခါ နှာခေါင်းအတွင်းထဲက သွေးကြောအမျှင်လေးတွေ ပေါက်ပြီး ထွက်တယ်လို့ ယူဆပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် နှာခေါင်းထဲကိုမီးခိုးငွေ့တို့၊ အမှုန်အမွှားတို့ မဝင်အောင် ဂရုစိုက်သင့်ပါတယ်။ ရှောင်လွှဲလို့ မရဘူးဆိုရင် နှာခေါင်းစည်း (Mask) အုပ်ပြီး အလုပ်လုပ်သင့်ပါတယ်။ သွေးလျှံရင် ငုံ့ပြီး နှာခေါင်းကို လက်ညှိုးနဲ့ လက်မသုံးကာ ငါးမိနစ်လောက် ဖိပေးလိုက်ပါ . . နှာခေါင်းသွေးလျှံတာ ရပ်သွားပါလိမ့်မယ်။ ကြာနေရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး ကုသမှု ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top