Healthy Life Ad
Life Style

ယုံကြည်မှု အမှား

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ကိုသာကောင်းက ဆင်တွေဘေးမှာ လမ်းလျှောက်နေရင်း ရုတ်တရက် ခြေလှမ်းတွေတုံ့ခနဲ့ ရပ်သွားခဲ့ပါတယ်။ အကြောင်းကတော့ ကြီးမားလှတဲ့ဆင်ကြီးတွေရဲ့ ရှေ့ခြေမှာ သေးငယ်လှတဲ့ကြိုးလေးတွေနဲ့ပဲ ချည်နှောင်ထားတာကို သူတွေ့လိုက်ရလို့ပါပဲ။ ဆင်ကို ချိန်းကြိုးနဲ့လည်းမချည်ပါလား။ ဒီလိုသာဆိုရင် ဒီလောက်အားကောင်းလှတဲ့ ဆင်ကြီးတွေက တစ်ချိန်ချိန်မှာတော့ သူ့ကိုချည်နှောင်ထားတဲ့ ကြိုးသေး သေးလေးကို ဖြတ်တောက်ပြီး အလွယ်တကူထွက်ပြေးသွားနိုင်တာပဲ. . ဘာကြောင့်များခိုင်မြဲတဲ့ ကြိုးနဲ့မချည်တာပါလိမ့် . .

ကိုသာကောင်းစိတ်ထဲ ဇဝေဇဝါဖြစ်နေရင်း ဆင်ထိန်းတစ်ယောက်ကို မြင်လိုက်ရတာနဲ့ သူသိချင်တာကို မေးလိုက်တော့တယ်။

“အစ်ကို . . အစ်ကို . . ဆင်ငယ်ငယ်လေးတွေကို ချည်တဲ့ကြိုးနဲ့ ဆင်ကြီးတွေကိုချည်တဲ့ကြိုး ကအတူတူပါလားဗျ . . ငယ်တုန်းမှာတော့ ဆင်လေးတွေအတွက် ဒီကြိုးက လုံလောက်တယ်ဆိုပေမယ့် ဒီကောင်တွေကြီးလာတဲ့အခါ ဒီကြိုးတွေကို အလွယ်တကူ ဖြတ်တောက်လို့ရတယ်လေ . . ဒီကြိုးနဲ့ဆို သူတို့ မထွက်ပြေးနိုင်လောက်ဘူးလို့ အစ်ကိုထင်လို့လား”

“မှန်တယ် . . သူတို့ကို ငယ်ငယ်ကတည်းက ဒီကြိုးတွေနဲ့ပဲ ချည်ခဲ့တာ . . ကြီးတော့လည်း ဒီကြိုးနဲ့ပဲ ဆက်ချည်ခဲ့တယ် . . ဒါပေမဲ့ ဒီကြိုးက သူတို့ကို ခိုင်မြဲအောင် ချည်နှောင်ထားတယ်လို့ သူတို့ယုံကြည်ပြီးသား . . ဒါကြောင့် သူတို့ ဘယ်တော့မှ လွတ်မြောက်အောင် မကြိုးစားကြဘူး”

ကိုသာကောင်း အံ့အားသင့်သွားခဲ့တယ်။

ဆင်တွေလိုပဲ လူအများစုဟာလည်း တစ်ကြိမ်တစ်ခါ ကျရှုံးခဲ့ပြီးပြီဆိုရင် နောက်တစ်ခါလည်း ရှုံးမှာပဲဆိုတဲ့စိတ်နဲ့ နောက်တစ်ခေါက် ထပ်မကြိုးစားတတ်ကြပါလား . .လို့ ကိုသာကောင်း တွေးနေခဲ့တော့တယ်။

စာစုက ပေးချင်သော သင်ခန်းစာ

အရှုံးဆိုတာ လေ့လာမှုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဘဝမှာ ရင်ဆိုင်ဖြေရှင်းရမှု မှန်သမျှ ဘယ်တော့မှ အရှုံးမပေးလိုက်သင့်ပါဘူး။ ရှုံးမယ်လို့ထင်ရင် သင်အရှုံးနဲ့ပဲ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဘဝမှာ သင်ဟာ တကယ် ကြိုးစားရုန်းကန်နေသမျှ ကာလပတ်လုံး အောင်မြင်ဖို့ လမ်းစကို ရရှိသွားမှာပါ။

လူအများစုဟာလည်း

တစ်ကြိမ် တစ်ခါ

ကျရှုံးခဲ့ပြီးပြီဆိုရင်

နောက်တစ်ခါလည်း

ရှုံးမှာပဲဆိုတဲ့စိတ်နဲ့

နောက်တစ်ခေါက်

ထပ်မကြိုးစား

တတ်ကြပါလား . . .

Most Popular

Healthy Life Ad
To Top