Healthy Life Ad
Health Tips

နေ့တိုင်းအလုပ်မှာ ကွန်ပျူတာစကရင် ကြည့်နေရသူတို့အတွက် . . .

၊ ငွေကြယ်စင်ယံ ၊

– ၂၀-၂၀-၂၀ စည်းမျဉ်း လိုက်နာပါ
နေ့စဉ်နေ့တိုင်းအလုပ်ထဲမှာ ကွန်ပျူတာစကရင်ကို ကြည့်နေရတာကြောင့် ကြာလာရင် မျက်စိညောင်းတဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ မျက်စိညောင်းညာမှု မဖြစ်စေဖို့ ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ။ လုပ်ရမှာက ကွန်ပျူတာသုံးချိန် မိနစ် ၂၀ ကြာတိုင်း သင်နဲ့ပေ ၂၀ အကွာမှာရှိတဲ့ အရာတစ်ခုကို စက္ကန့် ၂၀ ကြာ ကြည့်ပေးတဲ့နည်းနဲ့ မျက်စိကိုအနားပေးရမှာ ဖြစ်ပါတယ်။

– ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် အသက်ကြီးချိန်မှာ မျက်မမြင်ဖြစ်နိုင်ခြေ လေးဆကျော်ပိုများတယ်ဆိုတာ သင်သိပါရဲ့လား။ ဆေးလိပ်သောက်တာကြောင့် မက်ကူလာယိုယွင်းပျက်စီးမှု၊ အတွင်းတိမ်ရောဂါနဲ့ စက္ခုအာရုံကြောထိခိုက်မှုတို့ ဖြစ်စေနိုင်ပါတယ်။

– နေကာမျက်မှန်တပ်ပါ
နေကာမျက်မှန်တပ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ် မကျရောက်အောင် သင့်မျက်ဝန်းတွေကို အကာအကွယ် ပေးနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် ထိခိုက်မှုဖြစ်ရင် မက်ကူလာယိုယွင်းပျက်စီးမှု ဖြစ်တတ်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးတာက မျက်မမြင်ဖြစ်စေတဲ့ အကြောင်းတစ်ခုပါ။

– စားသောက်ပုံကို ပြောင်းလဲပါ
ထောပတ်သီး၊ သံလွင်ဆီ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီက မျက်စိကိုကျန်းမာအောင် အကာအကွယ်ပေးနေပါတယ်။

– မျက်စိထဲ သဲဝင်သလို ခံစားရလျှင်. .
မျက်စိခြောက်သွေ့တဲ့ ဝေဒနာသက်သာစေဖို့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အားဆေး ဒါမှမဟုတ် ငါးအဆီ စားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top