Healthy Life Ad
Health Tips

သင့်ကလေးကို ဆေးခါး ဘယ်လိုတိုက်မလဲ

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊
ဆေးအများစုဟာ အဝင်ဆိုးပြီး ခါးပါတယ်။ ခါးတာကို သည်းမခံနိုင်တဲ့ကလေးတွေကိုဆေးခါး တိုက်ရခက်သလို ဆေးခါးဝင်ပြီးချိန်မှာ ပျို့အန်ထွက်တာ၊ မျိုဖို့ ခက်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် မိဘတွေဟာ ကလေးကို ဆေးခါး တိုက်ရတော့မယ်ဆိုရင် အကြီးအကျယ် စိတ်ညစ်ရတတ်ပါတယ်။

(၁) ဆေးရည် ( Syrup ) အမျိုးအစား ရွေးချယ်ပါ
အခုခေတ်မှာ ကလေးတွေ ဆေးအဝင်သက်သာစေဖို့ ဆေးပြားပေါ်မှာ အချိုအရသာ အုပ်ထားတတ်ပါတယ်။ ကလေးကို ပဋိဇီဝပိုးသတ်ဆေး တိုက်ရတော့မယ်ဆိုရင် ဆေးတောင့်က တိုက်ရခက်တဲ့အတွက် မိဘရောကလေးပါ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ အချိုအရသာ အရည်ရောထားတဲ့ Syrup အမျိုးအစားကို ရွေးချယ်တိုက်သင့်ပါတယ်။

(၂) ဆေးခါးမတိုက်မီနှင့်ဆေးခါးတိုက်ပြီး ရေတိုက်ပါ
ကလေးတွေကို ဆေးခါးမတိုက်ခင် ရေအနည်းငယ်တိုက်ပါ၊ ဆေးခါးတိုက်ပြီးချိန်မှာ အ မြန်မျိုလို့ရသွားအောင်ရေတိုက်ပါ။ ဒါက အကောင်းဆုံးနည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ အဆင်ပြေနိုင်မယ် မထင်ပါဘူး။

ဆရာဝန်ကို ဆေးခါးဟာ သစ်သီးဖျော်ရည် (ဥပမာပန်းသီးဖျော်ရည်)နဲ့ တွဲတိုက်လို့ရ၊ မရ မေးမြန်းပါ။ ရတယ်ဆိုရင် ကလေးကို ဆေးမတိုက်ခင်နဲ့ ဆေးတိုက်ပြီးချိန်မှာ ခါးတာ သက်သာအောင် သစ်သီးဖျော်ရည် နည်းနည်းချင်းစီ တိုက်ပေးပါ။ ကာဗွန်ပါတဲ့ အမြှုပ်ထအချိုရည်နဲ့ ဘယ်တော့မှ ရောမတိုက်ပါနဲ့။ အမြှုပ်တွေကြောင့် မျိုချပိုခက်ခဲစေနိုင်ပါတယ်။ နွားနို့နဲ့လည်း မတိုက်သင့်ပါဘူး၊ ဆေးနဲ့ နွားနို့ရောသွားတဲ့အခါ ဗိုက်အောင့်စေနိုင်လို့ပါ။

(၃) ဆေးကို အေးမြအောင် ထားပါ
ဆေးကို အေးမြသွားအောင် ရေခဲသေတ္တာထဲ ခဏတာထည့်ထားရင်လည်း ခါးသက်တဲ့ အရသာ လျော့သွားပြီး ကလေးကို တိုက်ရလွယ်ကူစေပါ တယ်။

(၄) ရေခဲအနည်းငယ် ငုံစေပြီးမှ ဆေးတိုက်ပါ
ကလေးကို ရေခဲနည်းနည်းငုံခိုင်းလိုက်တဲ့အခါ ခံတွင်းက ထုံသွားပြီး ဆေးကိုမျိုချရလွယ်ကူသွားပါလိမ့်မယ်။

(၅) မေမေတို့ လုပ်နေကျနည်းကို သုံးပါ
ကျွန်မတို့အဘွား၊ အမေတွေက ကလေးကို ဆေးရည်တိုက်တဲ့အခါ ခက်နေရင် ဆေးရည်ပါတဲ့ ဇွန်းကို ပါးစပ်ထဲကနေ ပြန်မထုတ်သေးဘဲထားပြီး လျှာပေါ်မှာ ဖိထားတတ်ပါတယ်။ ကလေးက ဆေးမျိုချပြီးချိန်မှ ပြန်ထုတ်လိုက်ပါတယ်။ တစ်ခါတလေ ဆေးတိုက်ရ ခက်ခဲလွန်းနေရင် ကလေးရဲ့ နှာခေါင်းကို ခဏပိတ်ပြီး အမြန်ဆေးတိုက်လေ့ရှိပါတယ်။ အဲဒီနည်းကလည်း တကယ်ထိရောက်တဲ့ နည်းပဲဖြစ်ပါတယ်။
( Ref;wikihow )

Most Popular

Healthy Life Ad
To Top