Healthy Life Ad
Q & A

အသက်အန္တရာယ်ထိခိုက်စေနိုင်သည့် မျက်စိဝေဒနာ . .

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)

မေး။ မျက်စိနဲ့ ပတ်သက်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ဖြစ်တတ်တဲ့ ဝေဒနာဆိုတာ ရှိပါ သလား သိချင်လို့ပါ။
ဦးမြင့်ဦး၊ တွံတေး။

ဖြေ။ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ မျက်စိဝေဒနာဆိုတာရှိပါတယ်။ ဘယ်လိုဟာမျိုးလဲဆိုရင် ကင် ဆာနဲ့တွဲပြီး မျက်စိမှာဖြစ်တဲ့ ဝေဒနာတွေက စိုးရိမ်ရပါတယ်။ ဥပမာ ကလေးတွေမှာဆိုရင် မြင်လွှာမှာဖြစ်တဲ့ မျက်စိကင်ဆာ ( Retinoblastoma )၊ လူကြီးတွေမှာဆိုရင် ဦးနှောက်အကျိတ်ကင်ဆာ ( BrainTumor)တွေဖြစ်တယ်။ လူကြီးတွေမှာဖြစ်တဲ့ ဦးနှောက်အကျိတ်ကင်ဆာဆိုရင် ဖြစ်တတ်တာက မျက်စိမြင်ကွင်းက ကျဉ်းကျဉ်းလာတတ်ပါတယ်။ အဲဒီတော့ အမြင်ကို အားမရတဲ့အတွက် မျက်စိအထူးကု ဆရာဝန်တွေဆီ ရောက်လာတတ်တယ်။ အဲဒီအခါမှာ ဆရာတို့က ရှာရင်းအခြေခံ အကြောင်းရင်းက ဦးနှောက်အကျိတ်ကင်ဆာ ဖြစ်နေမှန်း သိသွားမှ သက်ဆိုင်ရာ ဆရာဝန်ဆီလွှဲရတာမျိုး ရှိပါတယ်။

Most Popular

Healthy Life Ad
To Top