Healthy Life Ad
Child

အမှားကနေ အမှန်ရှာပါ. .

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သောမတ်စ်အယ်ဒီဆင်က လျှပ်စစ်မီးသီးအတွက် နန်းကြိုးမျှင်ရှာဖွေနိုင်ဖို့ မတူညီတဲ့ ပစ္စည်းအမျိုးအစား နှစ်ထောင်ကျော်ကို စမ်းသပ် ခဲ့ပါတယ်။ ဘယ်လောက်ပဲ ကြိုးစားစမ်းသပ်ခဲ့ပါစေ၊ ဘယ်အရာမှ စိတ်ကျေနပ်ဖွယ် ကောင်းလောက်အောင် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ အယ်ဒီဆင်ရဲ့ လက်ထောက်က စိတ်ပျက်လက်ပျက်နဲ့ဆိုတယ်။

“ကျွန်တော်တို့ လုပ်သမျှ အချည်းနှီးပဲ . . ဘာကိုမှ မလေ့လာ၊ မသင်ယူနိုင်ခဲ့ဘူး”

အဲဒီတော့ အယ်ဒီဆင်က ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်ပါတယ်။

“ငါတို့ စမ်းသပ်ခဲ့တဲ့ နည်းတွေက အများကြီးပဲလေ။ ဒါ ငါတို့အများကြီး လေ့လာသင်ယူခဲ့ ပြီးတာပဲ . . မီးသီးအလင်းရောင်
ရဖို့ ပစ္စည်းနှစ်ထောင်က အသုံးမဝင်ဘူးဆိုတာ ငါတို့သိသွားပြီလေ . .”

စာစုက ပေးချင်သော သင်ခန်းစာ
ဘာပဲလုပ်လုပ် မအောင်မြင်ခင်မှာ အမှားဆိုတာ ရှိစမြဲပါ။ အဲဒီအမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရောက်အောင် သွားလာနိုင်တယ်လို့ ဒီစာစုက သင်ခန်းစာ ပေးထားပါတယ်။

Most Popular

Healthy Life Ad
To Top