Healthy Life Ad
Child

သင့်အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ဆိုရင် . .

၊ ငွေကြယ်စင်ယံ ၊

အိပ်မက်တွေက ဘယ်အခါကျမှ လက်တွေ့ ဖြစ်လာမှာလဲကွယ် . . ဆိုပြီး တွေးပူနေပြီလား၊ ကိုယ့်မှာ အိပ်မက်တွေရှိနေပြီ ဆိုရင် အဲဒီ
အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ကြိုးစားလိုက်ပါ . . အိပ်မက်တွေက အကောင်အထည် ပေါ်လာမှာ ဖြစ်ပါတယ်။

(၁) အခက်အခဲကို မကြောက်ပါနှင့်၊ အခွင့်အရေးဟု သဘောထားပါ
အိပ်မက်ကို လက်တွေ့ဖော်ဆောင်တဲ့ နေရာ မှာ အခက်အခဲတွေက အများကြီးရှိနေမှာပါ။ အဲဒီ အခက်အခဲတွေကို အခွင့်အရေးလို့ပဲ တွေး
သင့်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ လက်မလျှော့ဘဲ ရဲရဲကြီး ရှေ့ဆက်လိုက်ပါ။

(၂) အိပ်မက်ကို ရဲရဲမက်ပါ
ကိုယ်မက်တဲ့ အိပ်မက်က ကိုယ့်ဘဝအခြေအနေနဲ့ မသင့်တော်ဘူး၊ မဖြစ်နိုင်ဘူးလို့ ယောင်လို့တောင် မတွေးလိုက်ပါနဲ့။ လူတိုင်းမက်ခွင့်ရှိတဲ့
အိပ်မက်ကို ရဲရဲကြီးမက်လိုက်ပါ။

(၃) အောင်မြင်မည်ဟု ယုံကြည်ချက်ထားပါ
ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်လျှောက်နေတဲ့လမ်းက တစ်နေ့မှာအောင်မြင်မယ်လို့ ယုံကြည်ထားပါ။ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးကို
မတွေးဘဲ ဖြစ်ကိုဖြစ်ရမယ်လို့သာ ယုံကြည်ထားလိုက်ပါ။

(၄) အကူအညီတောင်းပါ
အိပ်မက်ကို လက်တွေ့ဖြစ်လာအောင် အသက်သွင်းတဲ့နေရာမှာ တစ်ယောက်တည်းနဲ့ ဆိုရင် အောင်မြင်ဖို့ ခက်တဲ့အတွက် တခြားသူတွေ၊ တတ်ကျွမ်းနားလည်တဲ့သူတွေကို အကူအညီ တောင်းသင့်ပါတယ်။

(၅) လိုက်လျောညီထွေ ရှိပါစေ
အိပ်မက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိဖို့လည်း အရေးကြီးပါတယ်။

(၆) ညှိနှိုင်းဆုံးဖြတ်ပါ
ကိုယ်က အသင်းအဖွဲ့နဲ့ အလုပ်လုပ်နေတယ်ဆိုရင် တခြားသူတွေနဲ့ ညှိနှိုင်းပြီး ဆုံးဖြတ်ပါ။ တခြားသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ထည့်သွင်းဆုံးဖြတ်ဖို့ မမေ့သင့်ပါဘူး။

(၇) အကြံဉာဏ်ရယူပါ
ကိုယ့်ထက်တော်တဲ့သူတွေ၊ ကိုယ်မက်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော် မက်ခွင့်ရပြီး သူတွေဆီက အကြံဉာဏ်ကို ရယူဖို့
လိုပါတယ်။

Most Popular

Healthy Life Ad
To Top