Healthy Life Ad
International

ပထမဆုံး သားအိမ်အစားထိုး ကုသမှု ၁၀ခုကို ပြုလုပ်ရန် အမေရိကန်သုတေသီများ ပြင်ဆင်

၊ မိုးမင်းထွန်း ၊

ဆွီဒင်နိုင်ငံမှ ဆရာဝန်တွေက ၂၀၁၄ စက်တင်ဘာလမှာ ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုး ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့
ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာလည်း နိုင်ငံရဲ့ ပထမဆုံး သားအိမ်အစားထိုး ကုသမှုကို ပြုလုပ်တော့မယ်လို့ သိရပါတယ်။ ကလိလန်း အထူးကုဆေးရုံဟာ ကုသမှု ၁၀ ခုအတွက် လူနာတွေကို ရှာဖွေနေပြီး မကြာခင်မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ သားအိမ်မပါဘဲ မွေးဖွားလာသူတွေနဲ့ ရောဂါကြောင့် သားအိမ်ဆုံးရှုံးခဲ့ရ သူတွေအတွက် မျှော်လင့်စရာ ဖြစ်ခဲ့ပါတယ်။ သဘာဝအလျှောက် ကလေးမရနိုင်သူ UFI အမျိုးသမီးတွေအတွက်လည်း မျှော်လင့်ချက် ဖြစ်လာစေပါတယ်။ UFI အမျိုးသမီးတွေဟာမိဘဖြစ်ဖို့အတွက် မွေးစားခြင်းနဲ့ အငှားကိုယ်ဝန် ဆောင်ခိုင်းခြင်းတို့အပေါ်မှာ မှီခိုခဲ့ရ ပါတယ်။ ဒီရွေးချယ်စရာတွေက ပုဂ္ဂိုလ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာတွေနဲ့ တရားဝင်မှု / မဝင်မှု စတဲ့ အချက်အလက်တွေနဲ့ ရင်ဆိုင်ရပါတယ်။ နိုင်ငံအများစုမှာ တားမြစ်ထားပေမယ့် အငှားကိုယ်ဝန် ဆောင်တာက အမေရိကမှာ တရားဝင်တယ် ဆိုပေမယ့် ရှုပ်ထွေးပါတယ်။

ဆွီဒင်က သုတေသီတွေဟာ သားအိမ်အစားထိုးမှု ကိုးခု ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တဲ့ ကိုယ်ဝန်ဆောင်မှု ငါးခုဖြစ်ပေါ် ခဲ့ပါတယ်။ မွေးဖွား မှု လေးခုဟာ အောင်မြင်ခဲ့ပါပြီ။ ကလိလန်းဆေးရုံ အဆိုအရ ကုသမှုခံယူသူတွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းစမ်းသပ်မှု စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ကုသမှုခံယူတဲ့ အမျိုးသမီးတစ်ဦးစီရဲ့ သားဥကို အမျိုးသား သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားနည်းနဲ့ မျိုးစပ်မှာ ဖြစ်ပါတယ်။ မျိုးအောင်တဲ့ ဥတွေကို အအေးခံထားမှာ ဖြစ်ပြီး သားအိမ်အလှူရှင် ရလာမှသာ အစားထိုးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုက ၆ နာရီမှ ၈ နာရီအတွင်း ကြာမြင့်မယ်လို့ ခန့်မှန်းထားပြီး လူနာရဲ့ တင်ပါးဆုံရိုး အနာကျက်ဖို့ တစ်နှစ်လောက် ကြာမယ်လို့ဆိုပါတယ်။

၁၂ လ ကြာပြီးနောက်မှာ ဆရာဝန်တွေက ကိုယ်ဝန်ဆောင်တဲ့အထိ အမျိုးသမီးရဲ့ သားအိမ်ထဲကို သန္ဓေသားလောင်းလေး ထည့်သွင်း
ပေးမှာ ဖြစ်ပါတယ်။ ကလေးမွေးဖွားချိန်မှာ ဗိုက်ခွဲမွေးဖွားရမယ်လို့ ဆိုပါတယ်။ သားအိမ်အစားထိုးထားတဲ့ အမျိုးသမီးဟာ ကလေး
နှစ်ယောက်အထိ ယူနိုင်ပါတယ်။ ဒုတိယကလေး ရပြီးနောက်မှာ သားအိမ်ကို ပြန်လည် ဖယ်ရှားရမယ်လို့လည်း သိရပါတယ်။
“ဒီလို မြင့်မြတ်တဲ့ လေ့လာမှုလုပ်ဖို့ ခွင့်ပြုချက်ရတာကို အလွန်ဂုဏ်ယူပါတယ်” လို့ အဖွဲ့ ခေါင်းဆောင်ကလည်း
ပြောကြားထားပါတယ်။

(Ref;FoxNews)

Most Popular

Healthy Life Ad
To Top