Healthy Life Ad
International

ဦးနှောက်အသားပိုကြောင့် ၈၄ ပေါင် ဝိတ်တက်လာ

မိုးမင်းထွန်း

ဗြိတိန်နိုင်ငံ၊ လင်ကွန်းတက္ကသိုလ် သမိုင်း ဘာသာအထူးပြုကျောင်းသူ ဒန်နီစင်ဝါ့ဒ်ဟာ အသက် ၁၈ နှစ် အရွယ် မှာ ကိုယ်အလေးချိန် ၁၂၆ ပေါင်ရှိခဲ့ပါတယ်။ သူရဲ့အရပ် ၅ ပေ ၉ လက်မနဲ့ နှိုင်းယှဉ်ရင် ပိန်ပိန်ပါးပါး ကျောင်းသူ တစ်ယောက်ပါ။ ၂၂ လကြာပြီးတဲ့နောက် မှာတော့ သူရဲ့ ကိုယ်အလေးချိန်ဟာ ၂၂၄ ပါင်အထိ တက်လာခဲ့ပါ တယ်။ သူရဲ့ သူငယ်ချင်းတွေက အစားတွေခိုးစားတာကြောင့် ဝလာတယ်လို့ သူ့ကို စွပ်စွဲကြပါတယ်။ တကယ် တော့ ဝါ့ဒ်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၀ဝ၀ လောက်သာစားသူပါ။ လေ့ကျင့်ခန်း ကိုလည်း တစ်ပတ် ၄ ကြိမ် ပုံမှန်လုပ်ပါတယ်။

“ပထမ ၁၄ ပေါင်တက်လာတုန်းက ကျွန်မ သူငယ်ချင်းတွေက ကျွန်မကို ပိုကြည့်ကောင်း လာတယ်လို့ ပြောကြ တယ်။ တစ်ဖြည်းဖြည်းနဲ့ ဝိတ်ပိုတက်လာတဲ့အခါ အမေက စိတ်ပူ လာပါတယ်” ဒီလိုနဲ့ ဝါ့ဒ်ဟာ ဆရာဝန်ဆီ သွားပြခဲ့ပါတယ်။ သွေးဖောက်စစ်ဆေးမှုတွေပြု လုပ်ခဲ့တော့လည်း ရောဂါအရင်းအမြစ်ကို မတွေ့ရှိခဲ့ပါဘူး။ ဆရာဝန်တွေက ရောဂါကြောင့် မဟုတ်တဲ့အတွက် သူရဲ့ စားသောက် နေထိုင်မှုပုံစံပြောင်းလဲဖို့ အကြံပြုကြပါ တယ်။

“ ကျွန်မအတွက် တကယ်ကို စိတ်ဆင်းရဲရတဲ့ အချိန်ပါပဲ။ ဘာကြောင့် ဝိတ်တက်လာတယ် ဆိုတာကို ဘယ်သူမှ မရှင်းပြနိုင်ခဲ့ဘူး ” ဝါ့ဒ်မှာ အကြောပြတ်ရာတွေနဲ့ ကျာရိုးထိပ် မှာ အဖုအကျိတ်တစ်ခုပေါ်လာတာကိုလည်း သတိ ပြုမိခဲ့ပါတယ်။ ဝါ့ဒ်ဟာ သူရဲ့ ရောဂါ လက္ခဏာတွေ နဲ့ပတ်သတ်ပြီး အင်တာနက်မှာ ရှာဖွေခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကော်တီ စုန်းကြီးထွားဟော်မုန်း လိုတာထက်ပိုပြီး ရှိနေတဲ့ ကူရှင်းရောဂါ အမျိုး အစားနဲ့ သူရဲ့ရောဂါ လက္ခဏာတွေဟာ တူနေတယ်လို့ သူတွေ့ခဲ့ပါတယ်။ ဝါ့ဒ်ဟာ ကိုယ်ပိုင်ငွေပေါင် ၁၇၀ဝ ကိုသုံးပြီး  ကွန်ပျူ တာ စကန်စစ်ဆေးမှု (MRI)ကို ပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးမှုရလဒ်အရ သူရဲ့ကြီးထွား ဟော်မုန်းထုတ်ပေးတဲ့ ဂလင်း အပေါ်မှာ ၄ မီလီမီတာအရွယ်အစားရှိတဲ့ အသားပိုတစ်ခုရှိနေတယ်လို့ တွေ့ခဲ့ရပါတယ်။

ဒီဦးနှောက် အသားပိုက ခန္ဓာကိုယ်ထဲ မှာ ဟော်မုန်းမညီမျှမူကို ဖြစ်စေပြီး သူ့ရဲ့ခန္ဓာကိုယ် အလေးချိန်တိုးလာစေခဲ့ပါတယ်။ဟော်မုန်း မညီမျှမှုဖြစ်စဉ်ကြောင့် လူတစ်ယောက် အသက်ရှင်နိုင်ခြေ ငါးနှစ်ခန့်သာရှိ ပါတယ်။နောက်နှစ်နှစ်အတွင်း မစစ်ဆေးနိုင်ခဲ့ဖူးဆိုရင် ဝါ့ဒ်ရဲ့အသက်အန္တရာယ်ကိုတောင်စိုးရိမ်ရပါတယ်။ပြီးခဲ့တဲ့လက နှစ်နာရီကြာခွဲစိတ်မှုအပြီးဝါ့ဒ်ရဲ့ဦးနှောက်အသားပိုကိုအောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ အခုအခါ ဝါ့ဒ်ဟော ဟာ်မုန်းညီမျှစေမယ့် ဆေးတွေကို ပုံမှန်မှီဝဲနေပြီး ကိုယ်အလေးချိန်ဟာလည်း လျင်မြန်စွာ ကျဆင်းလာနေတယ်လို့ သိရပါတယ်။

“ ကျွန်မဟာ ပုံမှန်ကျောင်းသူတစ်ယောက်လို ပျော်ရွှင်စွာဖြတ်သန်းနေပြီ ”လို့ ဝါ့ဒ်က ပြောပြပါတယ်။

Ref: DM

Most Popular

Healthy Life Ad
To Top