Healthy Life Ad
International

မျက်နှာပင့်တင်သည့် ကုထုံးက မျက်နှာကို လှပကြည့်ကောင်း စေနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးမလာ

ZKO
အရေးကြောင်းထင်ခြင်း၊ အရေပြား တွဲကျခြင်း၊ အရေပြား ဆွဲဆန့်နိုင်စွမ်း ဆုံးရှုံးခြင်း စသော အိုမင်းမှု လက္ခဏာများကို တွန်းလှန်နိုင်ရန် ပလတ်စတစ် ဆာဂျရီ ကုထုံးကို လူအများ အသုံးပြုကြသည်။ ထိုသို့ ပြုပြင်လိုက်ရသည့်အတွက် ပိုမိုနုပျို ကြည့်ကောင်းခြင်းသည် ပိုပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ် ပိုတိုးလာနိုင်သည်ဟု အချို့လူတို့ ယုံကြည်ကြသော်လည်း တကယ်တမ်းမှာမူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထင်သလောက် မြင့်တက်မှု မရှိကြောင်း လေ့လာတွေ့ရှိ ခဲ့ရသည်။

JAMA က ထုတ်လုပ်သော လေ့လာမှု အသစ်အရ မျက်နှာနုပျိုစေရန် သုံးသည့် မျက်နှာပင့်တင် ကုထုံးသည် လူနာတို့၏ ကိုယ့်ကိုယ်ကိုယ် အထင်အမြင် ကြီးစိတ်နှင့် ဆက်နွှယ်မှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။

မျက်နှာနှင့် လည်ပင်းအိုမင်းမှု လက္ခဏာများ လျော့ကျစေရန် မျက်နှာ ပင့်တင်သည့် ကုထုံး (Rhytidectomy)
ကိုသုံးသည့် အခါ ရယ်လျှင် ဖြစ်သော နှုတ်ခမ်းဘေး အရာများ၊ မေးစေ့ နှစ်ထပ် ဖြစ်ခြင်းနှင့် မျက်ဝန်း တစ်ဝိုက် အရေပြားတွဲကျခြင်း စသည်တို့ သက်သာလျော့ပါးစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် မျက်နှာ ပင့်တင်သည့် ထိုကုထုံးကြောင့် စိတ်ခံစားမှုဆိုင်ရာ ကောင်းကျိုးများ သိသိသာသာ မြင့်တက်မှုရှိမ လာကြောင်း နှစ် ၃၀ ကြာလေ့လာမှုအရ သိရှိရသည်။
(Ref; MD);

Most Popular

Healthy Life Ad
To Top