Healthy Life Ad
Q & A

IUD ထည့်ပြီး ပျောက်သွားမှာ စိုးမိတယ်

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

မေး. ကျွန်မက အိမ်ထောင်သည်ပါဆရာ၊ ကလေးနှစ်ယောက်ရှိပါတယ်။ နောက်ထပ်ကလေးမလိုချင် လို့တားချင်ပါတယ်။ အဲဒါဆေးသောက်၊ ဆေးထိုး မလုပ်ချင်လို့IUD ထည့်ရင် ကောင်းမလားလို့ပါဆရာ၊ ကျွန်မကြောက်တာက သားအိမ်ထဲထည့်ထား ရင်း အဲဒီIUD ပျောက်သွားမှာစိုးလို့ပါ။ အဲဒီလိုဖြစ်နိုင်ခြေရှိပါသလားဆရာ။
ဝါဝါ၊ ဘုရင့်နောင်။

ဖြေ. IUD ဆိုတဲ့ သန္ဓေတားပစ္စည်းလေးက အိမ်ထောင်သည်တွေ ကလေးနှစ်ယောက်ရှိပြီး နောက် ထပ်ကလေးမယူချင်ဘူး၊ ဆေးထိုး၊ ဆေးသောက်လည်း မလုပ်ချင်ဘူးဆိုရင် ဒီပစ္စည်းလေးက သင့် တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့IUD မှာ ဟော်မုန်းတွေမပါဘူးလေ။ အဲဒီတော့ သန္ဓေတားဆေးထိုးတာ၊ သန္ဓေတားဆေးသောက်တာလို ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ဆေးသောက်ဖို့မေ့သွားတာမျိုးလည်းမဖြစ်တော့ဘူး။ အကြာကြီးခံတယ်၊ အနည်းဆုံး ငါးနှစ်လောက်ခံတယ်၊ ငွေကြေးအကုန်အကျလည်း သက်သာတယ်၊ ထိလည်းထိရောက်တယ်။ ကလေးနောက်တစ်ယောက်ထပ်ယူချင်ရင်လည်း အဲဒီ IUD လေး ပြန်ထုတ်လိုက်တဲ့အခါ ချက်ချင်းပြန်ရနိုင်ခြေများတယ်။ ပြောချင်တာက ပစ္စည်းတစ်ခုဟာ ကောင်းတာရှိသလို တစ်ခါတစ်ရံဆိုးတာလည်းရှိတယ်ဆို တာလက်ခံရပါမယ်။

IUDက ထိရောက်တယ်၊ ဟော်မုန်းမပါလို့ ဘေးထွက်ဆိုးကျိုးမရှိ၊ အကြာကြီးခံတယ်၊ ငွေကုန်ကြေးကျသက်သာတယ်.. စတဲ့ ကောင်းကျိုးတွေရှိပေမယ့် အခုမှစပြီး အိမ်ထောင်ကျစအမျိုးသမီးတွေ အတွက်ကျတော့ မသင့်တော်ဘူး။IUD ထည့်ရခက်တယ်။ ဘယ်တားနည်းမဆို အဆင်မသင့်ရင် ကလေးရသွားနိုင်တဲ့ အခွင့်အလမ်းကတော့ ရှိပါ တယ်။ အမျိုးသမီးအယောက် ၁၀ဝက IUD ထည့်ထားရင် ကလေးရသွားနိုင်တာ နှစ်ယောက်-သုံး ယောက်လောက်ရှိ တတ်ပါတယ်။ ဒီတားနည်းတင်မကဘဲ တခြားတားနည်းတွေမှာလည်း ကလေးရသွားနိုင်ခြေရှိတာပါပဲ။ IUD ထည့်ထားရင် ကြိုးတန်းလန်းလေးနဲ့ထားရတယ်။ အဲဒီတော့ ရာသီလာပြီးတိုင်း တစ်လတစ်ခါ ကြိုးစကလေးကို စမ်းကြည့်ရတယ်။Last Loopလို့ခေါ်တဲ့ ကြိုးလေးပျောက်သွားတာမျိုး ဖြစ်နိုင်ခြေရှိတယ်။ တစ်ချက်က ကိုယ်မသိဘဲ အပြင်ကိုထွက်သွားတာဖြစ်နိုင်သလို တစ်ချက်က ကြိုးပြတ်ထွက်သွားတာလည်းဖြစ်တတ်တယ်။ နောက် တစ်ချက်ကသားအိမ်ထဲမှာ နေရာရွေ့သွားတာဖြစ်တတ် တယ်။ တစ်ခါတစ်ခါရှားရှားပါးပါး သားအိမ်ထဲကနေပေါက်ပြီး ဗိုက်ထဲအထိရောက်သွားတဲ့ ဖြစ်ရပ်မျိုးတွေလည်းရှိခဲ့ဖူး တယ်။ ဒါပေမဲ့ ဒါတွေကဖြစ်တော့ ဖြစ်နိုင်ပေမယ့် အလွန်ရှားပါတယ်။ IUD ထည့်ထားသူ ၁၀ဝ မှာ တစ်ယောက်တောင်ဖြစ်နိုင်ခြေမရှိပါဘူး။IUD ထည့်ထားရင် စမ်းစမ်းကြည့်ရတယ်။ ကြိုးစလေးကို မတွေ့တော့ဘူးဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top