Healthy Life Ad
Q & A

ဆေးခန်းမှာတိုင်းတဲ့ သွေးဖိအားနဲ့ အိမ်မှာတိုင်းတဲ့ သွေးဖိအား မတူတဲ့အခါ . .

မေး    ကျွန်မအမေ ဆေးခန်းမှာ သွေးပေါင်ချိန်တော့ ၁၄၀/၉၀ mmHg ကျော်ပေမယ့် အိမ်မှာကျတော့ အဲဒီလောက် မများပါဘူး။ သွေးပေါင်က ဆေးခန်းမှာ တိုင်းတာနဲ့ အိမ်မှာတိုင်းတာ အပြောင်းအလဲရှိတော့ ဘယ်လိုအတိုင်းအတာဆိုရင် သွေးတိုးရှိတယ်လို့ ဆိုနိုင်ပါသလဲ ဆရာ။
လုလုမေ၊ ကျောက်မြောင်း။

ဖြေ    သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/၉၀ mmHgနဲ့အထက်ရှိရင် သွေးတိုးတယ်လို့ ခေါ်ပါတယ်။ အဲဒီမှာတောင် ဆေးရုံ၊ ဆေးခန်းမှာချိန်တဲ့ သွေးဖိအားနဲ့ အိမ်မှာချိန်တဲ့သွေးဖိအားက မတူပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာချိန်လို့ ၁၄၀/၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အိမ်မှာချိန်တယ်ဆိုရင်တော့ ၁၃၅/၈၅ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ သွေးပေါင်ကျတယ်ဆိုတာကလည်း ယေဘုယျအားဖြင့် ၉၀/၆၀ mmHg အောက် လျော့ရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီကြားပမာဏကိုတော့ သွေးဖိအား ပုံမှန်လို့သတ်မှတ်ပါတယ်။
ပါမောက္ခဦးကိုကို
(ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

Most Popular

Healthy Life Ad
To Top