———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
ဖိုးခွားလေးရဲ ့ ငါးနှစ်ပြည့်မွေးနေ့ပွဲမှာ အဘိုးဖြစ်သူကမေးတယ်။
“မြေးလေးကြီးလာရင် ဘာဖြစ်ချင်သလဲ”
“သားက လေယာဉ်မောင်းတဲ့ ပိုင်းလော့ ဖြစ်ချင်တယ်အဘိုး”
အဘိုးက ထပ်မေးတယ်။
“ဒါဆို လေယာဉ်မောင်းရင်း တစ်နေ့မှာ ဖိုးခွားမောင်းတဲ့လေယာဉ်ပျံ ဆီကုန်သွားရင် ဘယ်လိုလုပ်မလဲ”
ဖိုးခွားက တစ်ချက်စဉ်းစားတယ်။ ပြီးတော့-
“လေယာဉ်ပေါ်ကလူတွေအားလုံးကို ထိုင်ခုံခါးပတ်ပတ်ခိုင်းမယ်၊ ပြီးတော့ သားတစ်ယောက်တည်း လေထီးနဲ့ အောက်ကို ခုန်ဆင်းမယ်”
မွေးနေ့ပွဲလာဧည့်ပရိသတ်အားလုံး ဝိုင်းရယ်ကြတယ်။
ရယ်သံတွေကြားမှာ ဖိုးခွားက အကျယ်ကြီး အော်ပြောလိုက်တဲ့အခါကျမှ အားလုံး အရယ်ရပ်ကုန်ကြပါတယ်။
“သားပြောတာက သားက လေထီးနဲ့ အောက်ခဏဆင်းပြီး ဆီသွားယူမယ်.. ပြီးရင် ပြန်လာခဲ့မယ်.. အားလုံးကိုလည်း ပြောခဲ့မယ်။ သားကျိန်းသေကို ပြန်လာခဲ့မယ်၊ ခရီးသည်တို့ စောင့်နေကြပါဆိုပြီး”
ကလေးတစ်ယောက်ရဲ ့ အိပ်မက်ကို အဆုံးအထိမသိသေးဘဲနဲ့ ဘယ်တော့မှ လှောင်ရယ်ခြင်း၊ ပြက်ရယ်ပြုခြင်း မလုပ်သင့်ကြောင်း ဒီစာစုက ပညာပေးထားတာပါ။