———၊ ငွေကြယ်စင်ယံ ၊———
သင့်အိမ်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေရာဖြစ်စေဖို့နဲ့ သင့်တစ်မိသားစုလုံး ပိုမိုကျန်းမာလာစေဖို့ လိုက်နာသင့်တဲ့ အချက်သုံးရပ်ကို ဖော်ပြလိုက်ပါတယ်။
(၁) ဆော်ဒါ မရှိပါစေနှင့်
အဆင်သင့်ဖျော်ရည်၊ ချိုမြိန်တဲ့လက်ဖက်ရည်၊ စွမ်းအားဖြည့်အချိုရည် စတဲ့ သကြားကဲတဲ့ အရည်တွေကို သင့်အိမ်မှာ ဝယ်မထားသင့်ပါ။
(၂) ရာသီပေါ် အစားအသောက်များကို ဦးစားပေးပြင်ဆင်ပါ
အရင်ဆုံး ပန်းကန်လုံးတစ်ခုထဲမှာ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ သစ်တော်သီးတွေလို အရသာရှိတဲ့ သစ်သီးတွေထည့်ထားပါ။ နောက်ထပ်လုပ်သင့်တာက လှီးဖြတ်ထားတဲ့ မုန်လာဥနီ၊ သခွားသီး၊ တရုတ်နံနံ စတာတွေကို ပန်းကန်လုံးကြီးကြီးထဲထည့်ထားပါ။ ဒါတွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး သင့်ကလေးမြင်သာအောင် ထားပေးရင် သူတို့မကြာခဏစားဖြစ်ပါလိမ့်မယ်။
(၃) မိသားစုစုံညီ ညစာစားပါ
ညစာဟာ မိသားစုစုံညီစားသင့်တဲ့ အစာပါ။ ဒါပေမဲ့ မိသားစုဝင်အားလုံး ညစာကို အတူစားဖြစ်ဖို့ အားထုတ်မှ အဆင်ပြေပါလိမ့်မယ်။ ညစာအတူစားတဲ့ အလေ့အထရှိတာကြောင့် ကလေးတွေကို ပိုလိမ္မာလာစေပြီး မိဘနဲ့သားသမီး ရင်းနှီးမှုပိုရှိစေပါတယ်။ တစ်ချိန်တည်းမှာ မိသားစုစုံညီစားဖြစ်တာကြောင့် အာဟာရပိုရှိတဲ့ အစာတွေကို စားဖြစ်စေပါတယ်။