—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—
Q. ဘယ်လိုအဆီတွေက ကျန်းမာရေးအတွက် မသင့်တော်ဘူးလဲဆရာ၊ ဘယ်လိုအဆီတွေက စားလို့ရပါသလဲ။
(သန်လျင်သဘာဝတရားရိပ်သာမှ မေးမြန်းသူတစ်ဦး)
A. တိရစ္ဆာန်အဆီရှောင်ရမယ်၊ ဒါပေမဲ့ ငါးအဆီတွေဖြစ်တဲ့ ငါးမြင်းအဆီ၊ ငါးဒန်ဗိုက်သား စတာတွေကို စားလို့ရပါတယ်။ ကျန်တဲ့အဆီတွေဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို လျှော့စားရမှာ ဖြစ်ပါတယ်။ တချို့က သံလွင်ဆီကောင်းတယ်ဆိုပြီး တစ်နေ့တစ်ဇွန်းတစ်ဇွန်း သောက်နေကြတယ်၊ အဲဒီလို မသောက်သင့်ပါဘူး။ စားအုံးဆီနဲ့ ယှဉ်ရင်တော့ သံလွင်ဆီက ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဟင်းလျာတွေထဲ ထည့်ချက်ပြီး စားပေးရင် ရပါတယ်။