(၁) ကိုက်လန်
ကိုက်လန်မှာပါဝင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေက နေဒဏ်နဲ့ တခြားအဆိပ်အတောက်တွေကို တွန်းလှန်ပေးပါတယ်။ နေဒဏ်နဲ့ အဆိပ်အတောက်တွေက အရေးကြောင်းထင်တာနဲ့ အရေပြားတွဲကျတာတွေကို ဖြစ်စေနိုင်ပါတယ်။
(၂) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတာကြောင့် အသားအရေ နုပျိုကျန်းမာစေပါတယ်။
(၃) လက်ဖက်စိမ်းရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်းမှာ ပိုလီဖီနောဓာတ်ပါတာကြောင့် ကော်လာဂျင်ထုတ်လုပ်မှု အားကောင်းစေပါတယ်။ အသားအရေ နုပျိုကြည့်ကောင်းစေတဲ့ EGCG ဒြပ်ပေါင်းထုတ်လုပ်မှုကိုလည်း တိုးစေပါတယ်။
(၄) စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ဘယ်ရီသီး အနွှယ်ဝင်တွေက အရေပြားချောမွေ့စေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးကူညီပြီး အရေးကြောင်းမထင်အောင် ကာကွယ်ပေးပါတယ်။