Healthy Life Ad
Health Tips

သင်၏နာမကျန်းမှုဝေဒနာကို ဟန့်တားနိုင်မည့်အလွယ်နည်းများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ရောဂါဝေဒနာဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ မျိုးရိုးဗီဇအပြင် ဘဝနေထိုင်စားသောက်မှုကလည်း အရေးကြီးပါတယ်။ မျိုးရိုးကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာတွေကို မရှောင်လွှဲနိုင်ပေမယ့် နေထိုင်စားသောက် မှုပုံစံကို ပြောင်းလဲလိုက်ရင်တော့ ဝေဒနာတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

-ထမင်းပန်ကန်ကိုရောင်စုံအစာထည့်ခြင်းဖြင့် အစာခြေလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်

၁၄ နှစ်ကြာ လေ့လာမှုတစ်ရပ်အရ ရောင်စုံသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားလေ့ရှိတဲ့ အမျိုးသားတွေဟာ အစာခြေလမ်းကြောင်းစနစ် ကင်ဆာဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းကြောင်း သိရပါတယ်။ ကင်ဆာဖြစ်နှုန်း လျော့ကျစေဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမပါဘဲ ဘယ်တော့မှ အစာမစားပါနဲ့။ ဆီကြော်စာတွေကို တတ်နိုင်သမျှရှောင်ပါ။

– ပျော်ရွှင်သော အိမ်ထောင်ရေး ပိုင်ဆိုင်ခြင်းဖြင့် နာမကျန်းမှုကို ၃၅ ရာခိုင်နှုန်း လျှော့ချနိုင်

ပျော်ရွှင်မှုကင်းမဲ့တဲ့ အိမ်ထောင်ရေးဟာ နာမကျန်းမှု ဖြစ်နိုင်ခြေကို ၃၅ ရာခိုင်နှုန်း မြင့်တက်စေပြီး ဘဝသက်တမ်းကို လေးနှစ်ခန့် ယုတ်လျော့စေပါတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရှိရင် တစ်ကိုယ်တည်းနေသူတွေထက် အသက်ရှည်ရှည် နေရနိုင်ခြေပိုများပါတယ်။

-တစ်ပတ် အနည်းဆုံးတစ်ကြိမ် ငါးစားခြင်းဖြင့် နှလုံးရောဂါထနိုင်ခြေကို ထက်ဝက်လျှော့ချနိုင်

တစ်ပတ်မှာ အနည်းဆုံး အဆီများတဲ့ငါးကို တစ်ကြိမ်စားပေးရင် ရုတ်တရက် အသက်သေဆုံးစေနိုင်တဲ့ နှလုံးရောဂါအမောဖောက်နိုင်ခြေကို ထက်ဝက်နီးပါး လျော့ကျစေပါတယ်။ လျှို့ဝှက်ချက်ကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါပဲ။ ဆယ်လ်မွန်ငါး၊ တူနာငါးစတဲ့ အဆီများတဲ့ ငါးတွေမှာ အတွေ့ရများပါတယ်။

– နေ့စဉ် ဗီတာမင်အီးနှင့် အက်စ်ပရင်ဆေးသောက်ခြင်းဖြင့် သွေးကြောပိတ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်

လေ့လာမှုအရ အင်တီအောက်ဆီးဒင့်နဲ့ သွေးကျဲဆေးတွေဖြစ်တဲ့ ဗီတာမင်အီးနဲ့ အက်စပ်ပရင်ဆေးကို တွဲသောက်တာကြောင့် သွေးကြောပိတ်ဆို့မှု ကို ၈၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ သိရပါတယ်။ ဒီဆေးနှစ်မျိုး တွဲသောက်တာကြောင့် သွေးတွင်း ကိုလက်စထရောပမာဏကို မလျှော့ချနိုင်ပေမယ့် သွေးလွှတ်ကြော မာကျော ကျဉ်းမြောင်းမှုကို သက်သာစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

-သူတစ်ပါးကို ကူညီခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ထက်ဝက်လျော့နည်းနိုင်

သူတစ်ပါးကို ကူညီတတ်တဲ့ အမျိုးသားတွေဟာ ဘာသိဘာသာ နေတတ်တဲ့ အမျိုးသားတွေထက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ထက်ဝက်နီးပါး လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

– အိပ်-ထ-မ-တင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခါးနာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်

ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းအောင် ကြိုးစားပြီး ခါးဝေဒနာတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ကာကွယ် လို့ ရပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ သန်စွမ်းစေဖို့ တစ်နေ့မှာ အိပ်-ထ-မ-တင်လေ့ကျင့်ခန်းကို ၁၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top