မေး. ပွေးပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲ။ ထိုးဆေးနဲ့ထိုးရင် သက်သာနိုင်မလား။
Khun Soe Thu (FB)
ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. ပွေးကုသရာမှာ စားဆေးက အထိရောက်ဆုံးပါပဲ။ စားဆေးမှာ ဘေးထွက်ဆိုးကျိုးတွေရှိတတ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ စနစ်တကျ ပြသကုသသင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။ ပွေးကိုလိမ်းဆေး၊ ရှမ်ပူနဲ့လည်း ကုသကြပါတယ်။ ပွေးဖြစ်မှန်း စောစောသိပြီး စောစောကုသရင် ပျောက်ကင်းသွားမှာပါ။
ပွေးကများရင် လိမ်းဆေးသာမက စားဆေးပါတွဲပြီး ကုသရပါမယ်။ ပွေးအတွက် စားဆေးကို စနစ်တကျပေးရပါမယ်၊ အသည်း၊ ကျောက်ကပ် စတာတွေကို ကျန်းမာရေးစစ်ဆေးပြီးမှပေးရပါမယ်။ ပွေးကုသဆေးတွေကို မိမိသဘောနဲ့မိမိ နှစ်ချီသောက်ရင် သွေးစစ်ဆေးမှုတွေပြုလုပ်ရပါမယ်။ နောက်ဆက်တွဲထိခိုက်မှုတွေ ဖြစ်တတ်လို့ပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)