မေး ။ ကလေးက အသက်တစ်နှစ်နဲ့နှစ်လပါ။ ထမင်းအစားနည်းလို့ ဘယ်လိုလုပ်ရမလဲ။ ကလေးထမင်း စားဝင်အောင် ဘယ်လိုအားဆေးတိုက်ရမလဲ။
ဒေါ်နွယ်၊ သမိုင်း။
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ကလေး အသက်တစ်နှစ်နဲ့နှစ်လမှာ ထမင်းအစားနည်းလို့စိတ်ညစ်စရာမလိုပါဘူး။ ဒီအရွယ်မှာ ကလေးရဲ့ကြွက်သား တည်ဆောက်အားပြည့်ဖို့အတွက် ပရိုတင်း(အသားဓာတ်)က ပိုအရေးကြီးပါတယ်။ အသက်တစ်နှစ်နဲ့ နှစ်လအရွယ်မှာ ကလေးကို တစ်နေ့ အသားငါးကျပ်သားကနေ ၁၀ ကျပ်သားအထိ ရအောင်ကျွေးနိုင်ပါတယ်။ ထမင်းကို စားဝင်သလောက်ပဲ စားခိုင်းပြီး တစ်နေ့ ကြက်ဥနှစ်လုံး ကျွေးရပါမယ်။
ကလေးအသက် တစ်နှစ်ကနေ နှစ်နှစ်အတွင်း တစ်ရက်အတွက် အနည်းဆုံး ၁၂ မျိုး ပါအောင် ကျွေးရမယ့် အစာတွေရှိပါတယ်။ အဲဒါတွေကတော့
(၁)အသား၊ ငါး၊ (၂) ကြက်ဥ နှစ်လုံး၊ (၃) နွားနို့နှစ်ခွက်၊ (၄) ထမင်း၊ (၅) ခေါက်ဆွဲ၊ (၆) ပေါင်မုန့်၊ (၇) ပဲအမျိုးမျိုး၊ (၈) နို့ထွက်ပစ္စည်း (ဒိန်ချဉ်/Cheese)၊ (၉) သစ်သီးမျိုးစုံ၊ (၁၀) အသီးအရွက်၊ (၁၁) တိုဟူး၊ (၁၂)ထောပတ်သီး၊ (၁၃) အာလူး / ရွှေဖရုံသီး စတာတွေဖြစ်ပါတယ်။
ကလေးထမင်းစားဝင်အောင် လိုင်စင်းဓာတ်ပါတဲ့ အားဆေး၊ Multivitamin အားဆေး ဒါမှမဟုတ် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အားဆေး စသဖြင့် သင့်တော်ရာ တိုက်လို့ရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)