မေး. ခေါင်းချွေးပြန်တာနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေရှိရင် သိချင်လို့ပါဆရာ။
စန်းစန်းဝင်း (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. ခေါင်းချွေးထွက်တာ သက်သာစေဖို့ ရေများများသောက်ပါ။ အဟာရပြည့်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အဝမလွန်ပါစေနဲ့။ နံနက်စောစော ချွေးများများထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ ပူစပ်လွန်းတဲ့စားစရာ၊ ငန်လွန်းတဲ့စားစရာ၊ အသင့်စားစားစရာတွေရှောင်ပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)