Healthy Life Ad
Q & A

ခေါင်းချွေးအထွက်များတယ် . . . .

မေး ။ ခေါင်းချွေးထွက်များတာ ဘာဆေးသောက်ရင် ကောင်းမလဲ။
Soe Min Aung (FB)

အယ်ဒီတာအဖွဲ့ မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ခေါင်းချွေးထွက်တာ သက်သာစေဖို့ ရေများများသောက်ပါ။ အာဟာရပြည့်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အဝမလွန်ပါစေနဲ့။ နံနက်စောစော ချွေးများများထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ ပူစပ်လွန်းတဲ့ စားစရာ၊ ငန်လွန်းတဲ့စားစရာ၊ အသင့်စားစားစရာတွေ ရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top