Healthy Life Ad
Health Tips

မျိုးအောင်နိုင်စွမ်း ကောင်းမွန်စေမည့် အစာများ

၊ လရိပ်မေ ၊

ကျန်းမာရေးကောင်းမွန်တဲ့ မျိုးဆက်ပွားစနစ်အတွက် ပထမဆုံးခြေလှမ်းက အစားအသောက်တွေနဲ့ ဟော်မုန်းဓာတ်ကို ဟန်ချက်ညီအောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သားသမီးယူမယ့်သူတွေအနေနဲ့ မျိုးအောင်နိုင်စွမ်း ကောင်းမွန်စေဖို့ စားသင့်တဲ့ အစာတွေကို ရေးသားလိုက်ရပါတယ်။

သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်မှာ အင်ဆူလင်ကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် သားဥကြွေတဲ့နှုန်းကို တိုးမြင့်စေပါတယ်။

ထောပတ်သီး
ထောပတ်သီးမှာ မိုနိုမပြည့်ဝဆီပါဝင်မှု မြင့်မားတဲ့အတွက် မျိုးအောင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတစ်ခုအရ ဖန်ပြွန်သန္ဓေသားကုထုံးခံယူနေစဉ်အတွင်း ထောပတ်သီးလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အများဆုံးစားတဲ့အမျိုးသမီးတွေဟာ အနည်းဆုံးစားတဲ့သူတွေထက် သန္ဓေအောင်နိုင်ခြေ သုံးဆပိုများတယ်လို့ သိရပါတယ်။

နေကြာစေ့
တစ်ပတ်မှာ သုံးကြိမ်ခန့် နေကြာစေ့ လက်တစ်ဆုပ်စာ ပမာဏမှီဝဲပါ။ ဇင့်(သွပ်)ဓာတ်ပါဝင်မှု များတဲ့ နေကြာစေ့ဟာ အရည်အသွေးပြည့်ဝတဲ့ သားဥတွေ ဖြစ်စေနိုင်တဲ့ မျိုးဆက်ပွားဟော်မုန်းတွေကို ဟန်ချက်ညီမျှစေပါတယ်။

ဥအမျိုးမျိုး
တစ်ပတ်မှာ နှစ်ကြိမ်ခန့် ကြက်ဥ၊ ဘဲဥကို ပြုတ်စားတာကြောင့် ဗီတာမင်ဒီနဲ့ ဗီတာမင် B6 ရရှိစေပါတယ်။ ဒီဓာတ်နှစ်မျိုးစလုံးက ကိုယ်ဝန်ဆောင်ချိန်လိုအပ်တဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း ထွက်ရှိမှုကိုတိုးမြင့်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top