၊ မိုးမင်းထွန်း ၊
အိန္ဒိယနိုင်ငံ အရှေ့မြောက်အာသံပြည်နယ်မှ အသက် ၄ နှစ်အရွယ် ဆကာဒေါ်ဂျီဟာ လွန်ခဲ့ ၃ လက မျက်လုံးရောင်လာခဲ့ပြီး သွေးမျက်ရည်ကျခဲ့ပါတယ်။ ခြောက်ကပ်နေတဲ့ သွေးခဲတွေကြောင့် မျက်လုံးတွေ မမြင်ရတော့ပါဘူး။ ကျန်းမာရေးအခြေအနေဆိုးရွားလာနေတဲ့ ကလေးလေးကို မိဘတွေက အစိုးရပိုင်ဆေးရုံတစ်ရုံကို သွားရောက်ပြသခဲ့ပါတယ်။ ကင်ဆာလို့ ယူဆကြပေမယ့် ဓာတ်ခွဲခန်းစမ်း သပ်မှုတွေလိုအပ်တယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။
အိန္ဒိယရူပီး ၁၂၀ဝ၀ (အမေရိကန်ဒေါ်လာ ၁၅ ၆)ဝန်းကျင်ကုန်ကျမယ့် စမ်းသပ်ခအတွက် အလုပ် ကြမ်းသမားဖခင်က မတတ်နိုင်ပါဘူး။ မိခင်ဖြစ်သူကတော့ မိဘအချင်းချင်းကိုယ်ချင်းစာပြီး သူရဲ့သား လေးအတွက် ဆေးကုသစရိတ်လှူဒါန်းဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ အိမ်နီးနားချင်းတွေကလည်းက လေးငယ်လေးအတွက် ဆေးကုသစရိတ်ရရှိဖို့ ကြိုးစားပေးနေကြပါတယ်။
လူမှုကူညီရေးသမားဖြစ်တဲ့ ဘီဝက်ဂျစ်ဘာမန်းက သူရဲ့မိတ်ဆွေအသိုင်းအဝိုင်းတွေက တစ် ဆင့်အကူအညီရှာဖွေပေးနေပါတယ်။ သူက နောက်မကျသေးခင် ဆေးကုသနိုင်ဖို့ အစိုးရဆီ အကူအညီ တောင်းခံထားကြောင်း ပြောပါတယ်။ သူကလည်း ဖခင်တစ်ဦးဖြစ်တာကြောင့် ဆကာ့ဖခင်ရဲ့ သောကကို ကိုယ်ချင်းစာကြောင်းပြောပြပါတယ်။
(Ref; DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)