၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
အာဟာရပြည့်ဝတဲ့ အစားအသောက်တွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရုံသာမက ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေရဲ့ ခံနိုင်ရည်ကို ကောင်းမွန်စေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးပါတယ်။
အကောင်းဆုံးအစားအသောက်
ဒီအစာတွေနဲ့ အာဟာရတွေက အရေပြားကနေ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ တစ်နေ့မှာ ဒီအစာအုပ်စုထဲက နှစ်ခုပါဝင်အောင်စားပေးပါ။
ဖက်တီးအက်ဆစ်
– ဆယ်လ်မွန်ငါး
– အခွံမာသစ်စေ့ (ဥပမာ- သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ဗာဒံစေ့)
ဘာကြောင့်လဲ
ဖက်တီးအက်ဆစ်က အရေပြားကို ရေဓာတ်ထိန်းပေးတဲ့အတွက် အသားအရေ တောက်ပြောင်ကာ ချောမွေ့ကြည်လင်စေပါတယ်။
ကောက်နှံတစ်ခုလုံးအစာ
– ဆန်လုံးညို
– ဘာလီ
– အညိုရောင်
– ပေါင်မုန့်
ဘာကြောင့်လဲ
ကောက်နှံတစ်ခုလုံးအစာထဲက အမျှင်ဓာတ်ဟာ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး အသားအရေကို ကြည်လင်စေပါတယ်။
ဗီတာမင် B6
– ဂေါ်ဖီပွင့်
– နေကြာစေ့
– သစ်ကြားသီး
– ထောပတ်သီး
ဘာကြောင့်လဲ
ဟော်မုန်းမညီမျှတဲ့အတွက် ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဗီတာမင်B6 ပါတဲ့ အစာတွေက ဟော်မုန်းအဆင့်ကို ဟန်ချက်ညီစေပါတယ်။
သစ်သီးများ
– ဘယ်သစ်သီးမဆို
ဘာကြောင့်လဲ
သစ်သီးတွေမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဖိုင်တိုနျူးထရီးရန့် ပါဝင်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။
အဆိုးဆုံးအစားအသောက်
အောက်ပါအစားအသောက်တွေက အသားအရေ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ကဖင်း
– ကော်ဖီ
– လက်ဖက်ရည်
– ကဖင်းပါတဲ့ အချိုရည်
– စွမ်းအားဖြည့် ဖျော်ရည်
ဘာကြောင့်လဲ
ကဖင်းဓာတ်က ရေဓာတ်ခမ်းခြောက်စေပြီး အရေပြားဟာ ရေဓာတ်ဖယ်ရှားပေးတဲ့အတွက် အရေပြားမှာ ဝက်ခြံပေါက်စေနိုင်ပါတယ်။
သကြား
– ချိုချဉ်
– အချိုပွဲ
– ဆော်ဒါအချိုရည်
ဘာကြောင့်လဲ
သကြားပါတဲ့ အစားအသောက်တွေက ရောင်ရမ်းမှုကို အားပေးပြီး အရေပြားဆဲလ်တွေကို ထိခိုက်စေကာ ဝက်ခြံ ပေါက်စေနိုင်ပါတယ်။
တာရှည်ခံအောင် ပြုပြင်ထားသော အစာ
– ဟော့ဒေါ့
– အဆင်သင့်ခေါက်ဆွဲခြောက်ထုပ်
– ဟမ်ဘာဂါ
ဘာကြောင့်လဲ
ဒီအစာတွေမှာ အဆီတွေပါ ဝင်တာကြောင့် ရောင်ရမ်းစေတဲ့အတွက် အရေပြားထိခိုက်ကာ ဝက်ခြံပေါက်စေပါတယ်။
အဆီများသော အစာ
– အာလူးချောင်းကြော်
– ဆီကြော်စာ
– အဆင်သင့်အစာ
ဘာကြောင့်လဲ
ဒီအစာတွေထဲက ထရန့်စ်ဖက်တီးအက်ဆစ်ဟာ ဟော်မုန်းထုတ်လုပ်မှုကို အားပေးတဲ့အတွက် ဝက်ခြံပေါက်စေနိုင်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)