ပြုံးပါ . . ပြုံးလိုက်ပါ . . ဘာကြောင့်ပြုံးသင့်တာလဲဆိုတဲ့ သုတေသနတွေ့ရှိချက်တွေကို လေ့လာကြည့်ရအောင်။
(၁) ပြုံးတာကြောင့် လှပစေပါတယ်
ပြုံးတာက သင့်ကို ပိုပြီး ဆွဲဆောင်မှုရှိကာ ဖျတ်လတ်တဲ့ အသွင်ထင်ရစေတယ်လို့ သုတေသနအရ သိရပါတယ်။
(၂) ပြုံးတာကြောင့် သင့်အနားက လူတွေကို ပြုံးပျော်စေပါတယ်
သင်ပြုံးတဲ့အခါ သင့်အပြုံးက ကူးစက်သွားတဲ့အတွက် သင့်ပတ်ဝန်းကျင်က လူတွေရဲ့ မျက်နှာတွေမှာ ပြုံးရွှင်တဲ့ အရိပ်အယောင် သမ်းသွားတတ်ပါတယ်။
(၃) ပြုံးတာကြောင့် စိတ်ခွန်အား မြင့်တက်လာစေပါတယ်
သင်ပြုံးလိုက်တဲ့အခါ ပျော်ရွှင်စေတဲ့ အတွေးတွေကြောင့် ဖြစ်ရကြောင်း ဦးနှောက်က သိနားလည်သွားတဲ့အတွက် စိတ်ခံစားမှု အလိုလိုကောင်းပြီး ခွန်အားရှိလာပါတော့တယ်။
(၄) ပြုံးတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေပါတယ်
ပြုံးတာကြောင့် စိတ်ဖိစီးမှုလျော့ပါးစေတယ်လို့ သုတေသနအရ တွေ့ရပါတယ်။