စူး (ဆေးဝါးတက္ကသိုလ်) လူအများစုက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို သိနားလည်ပေမယ့် ကိုယ်ဝန်ဆောင် ချိန်အတွင်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ ပြောင်းလဲလာတာကြောင့် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထပ်တိုးပြီး လိုအပ်လာပါတယ်။ ကိုယ်ဝန် ဒုတိယသုံးလနဲ့ တတိယသုံးလအတွင်း ခန္ဓာကိုယ်က နေ့စဉ်...
ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. ကိုယ်ဝန်ဆောင်မိခင်ရဲ့ အနေအထိုင်၊ အပြုအမူဆိုင်ရာ မှားယွင်းမှုတစ်ခုခုကြောင့် သန္ဓေသားမှာ မျက်စိထိခိုက်တတ်ပါသလား ဆရာ။ ဖြေ. ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်ရောင်ခြည်ကုထုံးသုံးရတယ်ဆိုရင် ကလေးရဲ့ မျက်စိကိုထိခိုက်ဖို့ ရာနှုန်းပြည့်သေချာပါတယ်။...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရင် ကျန်းမာပြီး ချစ်စရာကောင်းတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ပါလိမ့်မယ်။ (၁) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် ကျန်းမာရေးကောင်းစေတယ်ဆိုတာ လူအများသိပြီးသားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ညင်သာတဲ့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ကြည့်ကောင်းစေပြီး...
ဒေါက်တာတင့်ဆွေ ၁။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်ပါရှင့်။ ကလေးမွေးထားတာ ၁၈ရက်ပဲရှိပါသေးတယ်။ ကလေးမွေးပြီး ဆယ်ရက်လောက်ကတည်းက အ၀တ်လျှော်၊ မီးပူတိုက်လုပ်ရပါတယ်။ ကူလုပ်ပေးမယ့်သူလည်းမရှိသလို အ၀တ်လျှော်လည်းမအပ်နိုင်လို့ပါ။ အဲ့ဒါ အိမ်နားကလူတွေက မီးယပ်ကျိုးမယ်လို့ပြောတယ်ဆရာ။ မီးယပ်ကျိုးတယ်ဆိုတာ ဘာကိုပြောတာပါလဲဆရာ။ အခုလောလောဆယ်တော့ ခြေဖ၀ါးတွေကော လက်ဆစ်တွေကော ကိုက်နေလို့ပါ။...
၊ စူး (ဆေးဝါးတက္ကသိုလ်) ၊ အိမ်ထောင်ကျသွားတဲ့အခါ အမျိုးသမီးတစ်ဦးရဲ့အိပ်မက်မှာ မိခင်တစ်ဦးဖြစ်ခွင့်လည်း ပါဝင်နေမှာပါ။ အိမ်ရှင်မတစ်ဦးဟာ ကိုယ်နဲ့ခင်ပွန်းဖြစ်သူရဲ့ကလေးလေးကို လိုချင်လှပါပြီဆိုတဲ့ မိခင်စိတ်ရှိနေမှသာ တကယ်ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ရင်သွေးလေးလိုချင်လာပြီဆိုရင်လည်း ကိုယ်ကမိခင်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ သိရှိနားလည်ထားဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်ငွေ့ရှောင်ပါ ကျန်းမာတဲ့ကလေးမွေးဖွားနိုင်ဖို့...