Healthy Life Ad
Q & A

ကြို့ထိုးခြင်း ..

—–၊ ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. ကြို့ထိုးတာက ဘာကြောင့် ဖြစ်တတ်ပါသလဲ။ မကြာခဏ ကြို့ထိုးတာက ရောဂါဝေဒနာတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါသလား။ ကြို့ထိုးတာ သက်သာအောင် ဘယ်လိုလုပ်လို့ ရပါသလဲ။

A. ကြို့ထိုးတယ်ဆိုတာက ရင်ဝမ်းတားကြွက်သားက ရုတ်တရက်ကျုံ့သွားတဲ့အတွက် ကြို့ထိုးတာ ဖြစ်ပါတယ်။ ကြို့ထိုးပြီဆိုရင် အရင်ဆုံးရောဂါကြောင့် ဖြစ်တာလားလို့ စစ်ဆေးပါတယ်။ အဓိကအားဖြင့် ကျောက်ကပ်အားနည်းတဲ့သူတွေမှာ အရမ်းကြို့ထိုးတတ်ပါတယ်။

နောက်ပြီးတော့ အသည်းရောဂါရှိ၊ မရှိ စစ်ရပါတယ်။ နောက်တစ်ခုက အစာအိမ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြို့ထိုးတာကြာရင် အစာအိမ်မှန်ပြောင်းနဲ့ ရောဂါရှာဖွေကြည့်တယ်ဆိုတာလည်း မှန်ပါတယ်။ ရောဂါတွေ့လို့ အဲဒီရောဂါကိုကုလိုက်ရင် ကြို့ထိုးတာ ပျောက်သွားပါမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဆေးပေးပါတယ်။ အများစုသိတဲ့ စိတ်ဝေဒနာသမားတွေကို ပေးတဲ့ ဆေးမျိုးတွေပေးပါတယ်။ အိပ်ဆေးအနေနဲ့လည်း ပေးပါတယ်။ ကြို့ထိုးတာအတွက် ဆေးက တစ်မျိုးပဲရှိပါတယ်။ တချို့ဆေးစာအုပ်တွေအရ ကြို့ထိုးနေတဲ့ ကြွက်သားကို ကျုံ့တာ၊ ချဲ့တာမျိုး (Contraction) မလုပ်အောင် လုပ်ဆောင်ရင် သက်သာပါတယ်။ အသက်ရှူနေရင် အဲဒီကြွက်သားက လှုပ်နေတတ်တဲ့အတွက် အသက်မရှူဘဲ ခဏအောင့်ထားတာမျိုး လုပ်တာလည်း မှန်တယ်လို့ ဆိုပါတယ်။ အသက်အောင့်ပြီး ရေသောက်တာကလည်း တချို့လူတွေမှာ ကြို့ထိုးတာ သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top