Healthy Life Ad
Health Tips

နွေရာသီတွင် သစ်သီးဖျော်ရည်သောက်ရင် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရရှိနိုင်သလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြိတ်ဝါးစားရမှာ အခက်အခဲရှိနေသူတွေအနေနဲ့ အခုလို နွေရာသီမှာ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို ဖျော်ရည်အဖြစ် ဖျော်ပြီး သောက်သုံးသင့်ပါတယ်။ ဒါဆိုရင် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးသုံးရပ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

(၁) အာဟာရဓာတ်များကို လွယ်ကူစွာ စုပ်ယူရရှိနိုင်ခြင်း
သစ်သီးတွေကနေ ဗီတာမင်အေနဲ့ ဗီတာမင်စီ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကနေ မဂ္ဂနီဆီယမ်အပါအ၀င် သတ္တုဓာတ်အများအပြားတို့ရရှိစေပြီး စွမ်းအင် တိုးစေပါတယ်။

(၂) အားကစားသမားများ သက်လုံကောင်းပြီး ကြွက်သားသန်စွမ်းမှု မြန်ဆန်ခြင်း
စက်ဘီးစီးတဲ့ အားကစားသမားတွေကို လေ့လာမှုအရ မုန်လာဥနီဖျော်ရည်ကို ခြောက်ရက်ခန့် ပုံမှန်သောက်တဲ့ အားကစားသမားတွေဟာ စက်ဘီးကို မြန်မြန်စီးနိုင်ပြီး အမောခံနိုင်စွမ်းရှိကာ သက်လုံကောင်းမွန်တယ်လို့ သိရပါတယ်။

(၃) လိုချင်သော ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ခြင်း
ခန္ဓာကိုယ်ကြွက်သားတွေ သန်စွမ်းဖို့ ပရိုတင်းဓာတ်လိုအပ်ပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းနိုင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်ဖို့ရာအတွက် ရောင်စုံသစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်ကိုသောက်သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top