Healthy Life Ad
Health Tips

လျစ်လျူမရှူသင့်သော နာကျင်မှုဝေဒနာအမျိုးမျိုး

၁။ ပခုံးပြင်နှစ်ဖက်ကြား စူးရှတဲ့ နာကျင်မှုမျိုးဖြစ်ပေါ်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နိုင်ပါတယ်။

၂။ အပြင်းထန်ဆုံးခံစားရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သွေးပြန်ကြောဖောင်းလွန်းတာ (Aneurysm) ဖြစ်နိုင်ပါတယ်။

၃။ ၀မ်းဗိုက်ညာဘက် အောက်ပိုင်းမှာ မခံမရပ်နိုင်အောင်အောင့်နေ၊ နာနေရင် အူအတက်ရောင်တာ ဖြစ်နိုင်ပါတယ်။

၎။ အိပ်ရာနိုးလာတိုင်း သွားတွေနာကျင်နေရင် ညညအိပ်ရင်းသွားကြိတ်တာဖြစ်နိုင်ပါတယ်။

၅။ ခါးနာပြီး ဖျားလည်းဖျားနေရင် ကျောက်ကပ်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။

၆။ ရာသီလာချိန်မှာ ဗိုက်အောင့်တဲ့ ဝေဒနာက ဆေးသောက်လို့လည်း သက်သာမလာဘူးဆိုရင် နေရာလွှဲမှား သားအိမ်အတွင်းသား ရောဂါဖြစ်နိုင်ပါတယ်။

၇။ သင့်ခြေသလုံးရဲ့ တစ်နေရာလေးကွက်ပြီး နာကျင်နေရင် သွေးပြန်ကြောထုံးတာ ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top