Life Style
တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး
ဒေါက်တာတင့်ဆွေ မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇဝေဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။...