International
စိတ်မရှည်သည့် အမျိုးသမီးငယ်လေးများ မြန်မြန် အရွယ်ရင့်စေနိုင်
မိုးမင်းထွန်း အသက်ရှည်ရှည်နေထိုင်ပြီး အစဉ်နုပျိုလိုကြတဲ့ အမျိုးသမီးလေးတွေအတွက် အနည်းငယ် စိတ်ရှည်တာက အကူအညီပေးနိုင်မယ်လို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)မှ သုတေသီတွေက စိတ်မရှည်တဲ့ တရုတ်အမျိုးသမီးငယ်တွေမှာ ဆဲလ်တွေလျှင်မြန်စွာ အိုမင်းနေတဲ့ လက္ခဏာတွေကိုတွေ့ရတယ်လို့ပြောပါတယ်။ စိတ်မရှည်တဲ့ အမျိုးသမီးတွေရဲ့ဆဲလ်တွေမှာ ပိုမိုတိုတောင်းတဲ့ သွေးဖြူဆဲလ်တယ်အိုးမီးယား(leukocyte telomeres) တွေကြောင့်...