Healthy Life Ad
Q & A

ဆီးချို၊ သွေးတိုး စတဲ့ ကူးစက်မဟုတ်တဲ့ ရောဂါတွေ ဘာကြောင့်အဖြစ်များရသလဲ . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. ကူးစက်မဟုတ်တဲ့ ရောဂါတွေက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. ကူးစက်မဟုတ်တဲ့ ရောဂါတွေက အဓိကအားဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ (Healthy Lifestyle) မရှိလို့ ဖြစ်ရတာပါ။ အရက်ကို အန္တရာယ်ရှိလောက်တဲ့ ပမာဏအထိသောက်တာ၊ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ လေ့ကျင့်ခန်းမလုပ်တာ စတဲ့ အချက်တွေကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

နေ့တိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာနေရပါမယ်။ ဆေးလိပ်မသောက်ရပါဘူး။ အရက်ကို အန္တရာယ်ဖြစ်လောက်တဲ့ အတိုင်းအတာအထိ မသောက်ရပါဘူး။ အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းချုပ်နေရပါမယ်။ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ အဆီအအိမ့်များတဲ့ အစာ၊ ဝက်အဆီ စတာတွေကို ရှောင်ရပါမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးရပါမယ်။ ခက်တာက လူတွေဟာ ဒီအချက်တွေကို နေ့စဉ်နေ့တိုင်း တစ်ဘဝလုံး ဆင်ခြင်နေရမှာ ဖြစ်တဲ့အတွက် အခက်အခဲရှိတာကြောင့် ရောဂါတွေ အဖြစ်များလာတာပါ။

Most Popular

Healthy Life Ad
To Top