Healthy Life Ad
Q & A

ငါးနှစ်အောက်ကလေးငယ်မှာ တက်သင့်တဲ့ ကိုယ်အလေးချိန်

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. ငါးနှစ်အောက်ကလေးငယ်တွေမှာ ကိုယ်အလေးချိန်ပမာဏ ဘယ်လောက်ရှိသင့်ပါသလဲ။

A. ကလေးတွေရဲ ့ ကြီးထွားနှုန်းက တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ကလေးမွေးတုန်းက ကိုယ်အလေးချိန် ၅ ပေါင်ဆိုရင် တစ်နှစ်ပြည့်တဲ့အခါ ၁၅ ပေါင် ဖြစ်နေရပါတယ်။ မွေးတုန်းက ကိုယ်အလေးချိန်ထက် သုံးဆတက်နေရပါတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့ နှစ်နှစ်ကြားမှာတော့ ဒီလောက်မတက်တော့ပါဘူး။ ငါးပေါင်လောက်ပဲတက်တော့မှာ ဖြစ်ပါတယ်။ ငါးပေါင်ကို သတ်မှတ်ထားလိုက်ပေါ့။ ဥပမာ တစ်နှစ်ပြည့်တဲ့အခါ ၁၈ ပေါင်ဆိုပါစို့။ နှစ်နှစ်ပြည့်ရင် အနည်းဆုံး ၂၁ ပေါင်ရှိရပါတယ်။ ကလေးတွေကို ကျန်းမာရေးစစ်ဆေးတဲ့ Chart လေးတစ်ခု လုပ်ထားတာရှိပါတယ်။ ကာကွယ်ဆေးတွေထိုးတဲ့အခါမျိုးမှာလည်း ပေးပါတယ်။ အဲဒီ Chart ထဲမှာ အနီရောင်၊ အဝါနဲ့ အစိမ်းရောင်ဆိုပြီး ပါပါတယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်ဟာ အစိမ်းရောင်အကွက်ထဲမှာ ရှိနေသ၍တော့ အိုကေပါပဲ။

Most Popular

Healthy Life Ad
To Top