Healthy Life Ad
News

ရန်ကုန်က ကွမ်းယာဆိုင်များ စက်တင်ဘာ ၂၄ ရက်နေ့မှစ၍ ပိတ်ရမည်

———၊ ဟန်တိုးစံ ၊———

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကွမ်းယာဆိုင်တွေကို စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး ပိတ်သိမ်းဖို့ ပြောထားတယ်လို့ တာမွေမြို ့နယ် စည်ပင်ဥက္ကဌ ဦးအောင်မျိုးလင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ညွှန်ကြားချက်ကြောင့် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ဦးအောင်မျိုးလင်းက ဆိုပါတယ်။

“ကိုဗစ်နဲပတ်သက်ပြီး စာထုတ်ထားတဲ့အထဲမှာ စားသောက်ကုန်တွေကိုပဲ မပိတ်ဖို့ ပါတာလေ။ ကွမ်းမပါဘူး။ အဓိကကတော့ လူမအုံဖို့ပဲ။ ကိုဗစ်ကော်မတီက ညွှန်ကြားထားလို့ ကျွန်တော်တို့ပိတ်တာပါ ” လို့ ဦးအောင်မျိုးလင်းက ပြောပါတယ်။

ကွမ်းယာဆိုင်ပိုင်ရှင် တချို ့ကလည်း ဒီညွှန်ကြားချက်ကြောင့် မနက်ဖြန်ကစပြီး ပိတ်သိမ်းသွားဖို့ရှိနေပေမယ့် ကွမ်းဝယ်စားတဲ့ ဖောက်သည်တွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ စနစ်ကို ကျင့်သုံးသွားမယ်လို့ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ကျွန့်တော်တို့ကို ပိတ်ဖို့လာပြောသွားတယ်။ ပိတ်ရမှာပေါ့။ ဒါပေမယ့် အိမ်ထဲကနေရောင်းမယ်။ မှာတဲ့သူတွေကို လိုက်ပို့ပေးမယ်။ ပုံမှန်လာဝယ်နေတဲ့သူတွေကို ဖုန်းနံပါတ်ပေးထားတယ်” လို့ ကွမ်းယာဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင် ကိုတိုးကြီးက ပြောပါတယ်။

ကွမ်းယာဆိုင်တွေအနေနဲ့ အိမ်အရောက်ရောင်းတာကို ပိတ်ပင်သွားဖို့မရှိဘဲ ရောင်းချနိုင်တယ်လို့လည်း တာမွေမြို ့နယ် စည်ပင်ဥက္ကဌ ဦးအောင်မျိုးလင်းက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွမ်းစားသုံးသူ လူဦးရေးအများအပြား ရှိနေပြီး ကွမ်းယာဆိုင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူတွေလည်း အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၃

Most Popular

Healthy Life Ad
To Top