Healthy Life Ad
News

Fever Clinic Monywa ကို မုံရွာမြို ့ လူငယ်စင်တာတွင် ဖွင့်လှစ်

———၊ ဟန်တိုးစံ ၊———

Fever Clinic Monywa ကို မုံရွာမြို့ လူငယ်စင်တာတွင် စက်တင်ဘာလ ၂၁ ရက်နေ့ (ယနေ့) ဖွင့်လှစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း(မုံရွာ) နာယကဒေါက်တာဝင်းမော် (စိုပြေဆေးရုံ)က ပြောပါတယ်။

Fever Clinic Monywa ကို ၂၀၂၀ ခု မေလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဖျားနာသူများကို အဓိကထား ကုသခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမော်က ပြောပါတယ်။ ဇွန်လကုန်တွင် နားခဲ့ပြီး ယခုဒုတိယအကြိမ် ပြန်ဖွင့်ရန် စီစဉ်ရခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Fever Clinic ကို ပထမအကြိမ်ဖွင့်တုန်းကလို မြန်မာနိုင်ငံ ဆရာဝန်အသင်း(မုံရွာ) နဲ့အတူ စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီ SaveMonywa -Monywa Rescue နဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမော်က ပြောပါတယ်။ မုံရွာမှာ ပုဂ္ဂလိကဆေးရုံ ၁၀ ရုံရှိပြီး ဆေးရုံတစ်ရုံက တစ်လကို ဆရာဝန် ၁ ဦးက တစ်ရက်တာဝန်ယူပေးမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“ဒါက အခုဒုတိယအကြိမ် ပြန်ဖွင့်ရာမှာ မဖြစ်မနေ တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျန်တာက အရင်လို ပြင်ပဆရာဝန်တွေက စေတနာနဲ့ လာထိုင်ကုသပေးကြမှာ ဖြစ်ပါတယ်”လို့ ဒေါက်တာဝင်းမော်က ပြောပါတယ်။

Fever Clinic Monywa ကိုတစ်ပါတ်လျင် ဗုဒ္ဓဟူးနှင့် တနဂ်နွေနေ့ ၂ ရက် ပိတ်မည်ဖြစ်ပြီး ဖွင့်ရက် ၅ ရက်တွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သွားမယ်လို့ ဒေါက်တာဝင်းမော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖျားနာကု အခမဲ့ဆေးခန်း (Fever Clinic) ၂၂ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၂၁ ခု ၊ မုံရွာမှာတစ်ခု ဖွင့်လှစ်ထားပါတယ်။

Most Popular

Healthy Life Ad
To Top