Healthy Life Ad
Health Tips

အင်တာနက်နှေးခြင်းက ကျန်းမာရေးအန္တရာယ်တစ်ရပ် ဖြစ်စေနိုင်

———၊ ကိုထက် ၊———

အင်တာနက်လိုင်း နှေးတာကြောင့် စိတ်တိုဒေါသထွက်လာတယ်ဆိုရင် ဒါက သင်တစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ အရွယ်ရောက်သူ ၁၀ ဦးအနက် တစ်ဦးနှုန်းက အင်တာနက်လိုင်းနှေးတာကြောင့် ဒေါသထွက် စိတ်တိုနေရတယ်လို့ သိရပါတယ်။

ဆွီဒင်နည်းပညာကုမ္ပဏီရဲ့ လေ့လာမှုတစ်ခုအရ အင်တာနက်လိုင်းနှေးပြီး ဗီဒီယိုတွေ၊ ဝက်ဘ်ဆိုက်စာမျက်နှာတွေကို ကြည့်ဖို့ ကြန့်ကြာနေတာက နှလုံးခုန်နှုန်းမြန်အောင် လှုံ့ဆော်နေတယ်လို့ သိရပါတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေ ကြည့်ရသလိုမျိုး၊ တွက်ရခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေ ဖြေရှင်းနေရသလိုမျိုးနဲ့ တူပြီး စိတ်ဖိစီးမှုအဆင့်ကို မြင့်တက်စေတာပါပဲ။

လေ့လာမှုထဲမှာ အင်တာနက်လိုင်းနှေးချိန်မှာ ဖြစ်တဲ့ မျက်ဝန်းလှုပ်ရှားမှု၊ သွေးခုန်နှုန်း၊ ဦးနှောက်လုပ်ဆောင်မှုတွေကိုပါ ထည့်သွင်းတွက်ချက်ထားပြီး ပါဝင်သူတွေကို အဖွဲ့သုံးဖွဲ့ခွဲ လေ့လာခဲ့တာပါ။ ပထမအဖွဲ့မှာ အင်တာနက်လိုင်း လုံးဝမနှေးတဲ့အဖွဲ့၊ ၄-၆စက္ကန့်ကြာ ကြန့်ကြာတဲ့အဖွဲ့၊ ၁၀-၁၄ စက္ကန့်ကြာ ကြန့်ကြာတဲ့အဖွဲ့ဆိုပြီး သုံးဖွဲ့ခွဲလေ့လာခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်နှေးတဲ့အခါ နှလုံးခုန်နှုန်းက ၃၈ ရာခိုင်နှုန်း မြန်နေတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပြီး ဦးနှောက်ထဲမှာ သိုလှောင်ထားတဲ့ သတင်းအချက်အလက်တွေများကာ စိတ်ဖိစီးမှုအဆင့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အင်တာနက်လိုင်းနှေးချိန်မှာ ဖြစ်နိုင်ရင် အသုံးမပြုဘဲနေဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။

(Ref; stethnews)

Most Popular

Healthy Life Ad
To Top