—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—
Q. မျက်နှာအရေပြားမှာ အမည်းရောင်ကြေးခွံ တစ်ထပ်ပုံသဖွယ် ဖြစ်ပေါ်နေရင် အသည်းထိခိုက်နေပြီလို့ သိရပါတယ်။ မျက်နှာအသားအရေက ရောဂါလက္ခဏာပြနေတယ်လို့ သိရပါတယ်။ ဘယ်လိုဆက်စပ်မှု ရှိလို့ပါလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။
A. မျက်နှာအရေပြားပေါ်က အမည်းရောင်ကြေးခွံတစ်ထပ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ပြီးမှ တိတိကျကျ ပြောလို့ရပါမယ်။ ဒီလိုအရေပြားပြောင်းလဲတာက အသည်း၊ ကျောက်ကပ်ထိခိုက်တာနဲ့ ဆက်စပ်မှု ရှိတတ်ပေမယ့် အမည်းရောင်ကြေးခွံတစ်ထပ်ဆိုရင်တော့ အသည်းထက် အရေပြားရောဂါဝေဒနာတွေနဲ့ ပိုဆိုင်ပါတယ်။ အရင်ကတည်းက ရှိတာလား၊ အခုမှ အသစ်ထပ်ပေါ်လာတာလားဆိုတာ မေးထားတဲ့ မေးခွန်းမှာ မပါတဲ့အတွက် ဒီလိုဖြစ်နေရင် တတ်ကျွမ်းနားလည်တဲ့ အရေပြားအထူးကု ဆရာဝန်နဲ့ ပြသရပါမယ်။ တချို့အရေပြားပြဿနာတွေက ကြည့်ရုံနဲ့တောင် ပြောလို့မရသေးပါဘူး။ လိုအပ်ရင် စမ်းသပ်စစ်ဆေးပြီး အသားစယူ စစ်ဆေးတာတွေလုပ်ပြီး ဘာရောဂါဆိုတာ ပြောနိုင်တာ ဖြစ်ပါတယ်။