Healthy Life Ad
News

Dexamethasone proves first life-saving drug ကရိုနာဗိုင်းရပ်စ်ရောဂါအတွက် အသက်ကယ်ဆေး

——–၊ ဒေါက်တာတင့်ဆွေ ၊——–

၁၆-၆-၂၀၂၀ နေ့ သတင်းဖြစ်ပါတယ်။ ယူကေနိုင်ငံမှာ ကရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်သူတွေကို ကုသပေးရာမှာသုံးတာ အောင်မြင်မှုရတယ်လို့ ဆိုပါတယ်။ အသက်ရှူစက်တပ်ထားရသူတွေကို ဆေးပေးပါတယ်။ ဆေးအလေးချိန်လည်း နည်းနည်းသာပေးရတယ်။ ဆေးက ဈေးလည်းမကြီးပါ။

သေဆုံးမှု ၃ ပုံ ၁ ပုံနည်းတယ်။ အောက်စီဂျင်ပေးနေရသူတွေဆိုရင် ၅ ပုံ ၁ ပုံနည်းတယ်။ ရောဂါစစ်ဆေးတွေ့သူ ၂၀ ယောက်မှာ ၁၉ ယောက်ကို ဆေးရုံတင်စရာ မလိုအပ်ပါ။

ဒီဆေးကို တခြားရောဂါတွေမှာ သုံးနေပါတယ်။ အဆစ်နာသူတွေ၊ ပန်းနာနဲ့ ပျောက်နိုင်ခဲ့တဲ့ အရေပြားရောဂါတွေ။

Dexamethasone ဒက်ဆာမီသဇုန်းဟာ Glucocorticoids ဆေးအုပ်စုဝင်တခုဖြစ်တယ်။ Steroid hormone ဆိုတာက ကော်တီဇုန်းဖြစ်တယ်။ လူကိုယ်ထဲမှာရှိတယ်။ ဓါတ်ခွဲခန်းမှာထုတ်တဲ့ Synthetic steroid hormones တွေကတော့

Glucocorticoids: Alclometasone, Prednisone, Dexamethasone, Triamcinolone

Mineralocorticoid: Fludrocortisone

Vitamin D: Dihydrotachysterol

Androgens: Apoptone, Oxandrolone, Oxabolone, Testosterone, Nandrolone (Anabolic steroids)

Oestrogens: Diethylstilbestrol (DES)

Progestins: Danazol, Norethindrone, Medroxyprogesterone acetate, 17-Hydroxyprogesterone caproate

ဆေးက ချက်ချင်းဆိုသလို ထိရောက်တယ်။ ဘေးထွက်သက်ရောက်မှုတွေရှိပေမဲ့ သုံးသင့်သူကို ပေးရတယ်။ စားဆေး၊ ထိုးဆေး၊ မျက်စဉ်း၊ နှာခေါင်းထဲထည့်ဆေး၊ အဆစ်ထဲထိုးဆေး စတာတွေ အမျိုးမျိုးရှိတယ်။ အလာဂျီခေါ် တခုတခုနဲ့မတည့်တာ၊ ရှော့ဖြစ်တာတွေမှာ အရေးပေါ်နဲ့ အသက်ကယ်ဆေးလိုသုံးရတယ်။ နာတာရှည်ဖြစ်တာတွေမှာ ပေးရတယ်။

၁၆-၆-၂၀၂၀

Most Popular

Healthy Life Ad
To Top