Healthy Life Ad
Q & A

ဆင်ခြေထောက်ရောဂါ ကာကွယ်ခြင်း

—–၊ ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. တလောက ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတွေ တိုက်ပါတယ်ဆရာ၊ ကျွန်မတို့မိသားစုမှာ တစ်ဦးက မသောက်လိုက်ရပါဘူး။ ကာကွယ်ဆေးသောက်တာအပြင် ဆင်ခြေထောက်ရောဂါမဖြစ်အောင် တခြားဘယ်လိုနည်းနဲ့ ကာကွယ်နိုင်ပါသလဲ ဆရာ။
KyuKyu(FB)

A. ဆင်ခြေထောက်ရောဂါက ခြင်ကိုက်လို့ဖြစ်တာပါ။ Wuchereria bancrofti eJY Brugia malayi ခြင်တို့က ကိုက်လို့ဖြစ်တာပါ။ အဓိကအားဖြင့် ညဘက်မှာကိုက်တဲ့ ခြင်တွေကြောင့် ဖြစ်တာများပါတယ်။ ဆင်ခြေထောက်ရောဂါက အဓိကအားဖြင့် ပြန်ရည်ကြောတွေထိတာ များပါတယ်။ ပြန်ရည်ကြောတွေပိတ်ပြီး ဆင်ခြေထောက်ကြီးနဲ့ တူနေပါတယ်။ ဆင်ခြေထောက်ရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့ အရေးကြီးဆုံးအချက်တွေက –

ခြင်မကိုက်အောင် ကာကွယ်ပါ။

ဆေးစိမ်ထားတဲ့ ခြင်ထောင်နဲ့အိပ်ပါ။

အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။

လွတ်နေတဲ့ အရေပြားနေရာတွေကို ခြင်ကာကွယ်တဲ့ လိမ်းဆေးတွေလိမ်းပါ။

ကာကွယ်ဆေးသောက်ပါ . .တို့ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top